Wednesday, November 9, 2011

အိန္ဒိယ နိုင်ငံသားများကို ဧရိယာ ကန့်သတ် ၍ ပြည်တွင်း၌ သွားလာခွင့် ပြုမည်

မြန်မာနိုင်ငံ အရှေမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာ-အိန္ဒိယ နယ်စပ်ပြည်နယ် လေးခုမှ အိန္ဒိယ နိုင်ငံသားများကို နိုင်ငံကူး လက်မှတ် နှင့် ဗီဇာမလိုဘဲ မြန်မာနိုင်ငံ အတွင်း ၁၆ကီလိုမီ တာ အကွာအဝေးကို မြန်မာနိုင်ငံ အစိုးရက သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင်နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေး ညှိနှိုင်း ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အိန္ဒိယ သမ္မတ နိုင်ငံမှလည်း ယခုနှစ်အစောပိုင်းက မီဇိုရမ်၊ မ ဏိပူရ်၊ နာဂဒေသနှင့် အာရမ်နာ ချယ်ပရာဒက်ရှ် တို့တွင် ၁၆ ကီလို မီတာ အကွာအဝေးအတွင်း နိုင်ငံ ကူးလက်မှတ်မလိုဘဲ မြန်မာနိုင်ငံ သားများကိုသွားလာခွင့်ပြုခဲ့ပြီး ဖြစ် သည်ဟုသိရသည်။
အဆိုပါ နယ်စပ်ဒေသများ သို့ သွားလာသည့် မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံသားများသည် နိုင်ငံကူး လက်မှတ်သို့မဟုတ်ဗီဇာမလိုဘဲ သတ်မှတ် အကွာအဝေး အတွင်း အ များဆုံးတစ်ပတ်ကြာ နေထိုင် ခွင့်ရှိသည်ဟုဆိုသည်။
အဆိုပါနယ်စပ် ပြည်နယ်များ ထံမှတစ်ဆင့်ရှားပါး သစ်ခွမျိုးစိတ်များ၊ တိရစ္ဆာန်ကိုယ် အင်္ဂါအစိတ်အပိုင်းများနှင့် သား ရေများ၊ မူးယစ်ဆေးဝါးများနှင့် စန္ဒကူးနံသာ တရားမဝင်သယ် ယူပို့ဆောင်မှုများကို နှစ်နိုင်ငံပူး ပေါင်းကာ ကာကွယ်ထိန်းချုပ် နိုင်ရေးဆောင်ရွက်သွားမည်ဟု လည်း သိရသည်။ နာဂဒေသ၊ မဏိပူရ်၊ မီဇိုရမ် နှင့်အာရမ်နာချယ်ပရာ ဒက်ရှ်နယ် စပ်ပြည်နယ်များသည်မြန်မာနိုင်ငံ နှင့် ၁,၆၄၀ ကီလိုမီတာနယ်နိမိတ် ချင်း ထိစပ်လျက်ရှိသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text