Saturday, November 12, 2011

ဘက်ထရီ ပြဿနာ ဖြစ်နေသူ သုံးစွဲသူများအတွက် Apple တို့ iSO 5 ဆော့ဖ်ဝဲအား ဝေမျှ

Apple ကုမ္ပဏီ၏ နောက်ဆုံးပေါ် ပစ္စည်းများတွင် ဖြစ်ပေါ်နေရသည့် အချို့သော ဘက်ထရီ ပြဿနာ များကို ဖြေရှင်းနိုင်မည့် iSO 5.0.1 ဆော့ဖ်ဝဲသစ် တစ်ခုကို ရွေးချယ်ထားသည့် သုံးစွဲသူများတွင် ထည့်သွင်း ပေးလိုက်ကြောင်း PC မဂ္ဂဇင်းတွင် ဖော်ပြလိုက်သည်။

အစောပိုင်း  iSO 5 မှာ ဈေးကွက်သို့ ထုတ်လွှတ်ခြင်း မရှိသေးသော်လည်း ဘက်ထရီ ကြာကြာ မခံသည့် ပြဿနာများကြောင့် ယခင်အပတ်များက Apple သုံးစွဲသူများမှ စောဒက တက်ခဲ့ကြပြီးနောက် ယခုလို သုံးစွဲစေရန် ရွေးချယ် ထုတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

ယခု ဆော့ဖ်ဝဲသစ်တွင် ဘက်ထရီ ပြဿနာကို ဖြေရှင်းပြီးသည့်အပြင် နောက်ထပ် ပြင်ဆင်မှု အသစ် ၅ မျိုးကိုလည်း ထည့်သွင်း ထားကြောင်းနှင့် မူရင်း i pad များတွင် သုံးစွဲသည့် စနစ်ထက် ပိုမိုကောင်းမွန်သော အသံစနစ်နှင့်အတူ သြစတေးလျတိုက်မှ သုံးစွဲသူများ အဆင်ပြေစေရန် အသံဖြင့် အမိန့်ပေး စနစ်ကိုလည်း အသံမှန်မိစေရန် ပြုလုပ်ထားကြောင်း သိရသည်။ ယခင်လက ထုတ်လွှတ်ခဲ့သည့် iPhone 4S  နှင့်  iSO 5  ဆော့ဖ်ဝဲများနှင့် အတူ Apple ကုမ္ပဏီမှာ သုံးစွဲသူများမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယခုလို ဖြေရှင်းချက် ထုတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text