ကိုလံဘီယာ နိုင်ငံ အနောက်ပိုင်းမှာ ရက်ပေါင်း များစွာ မိုး ရွာသွန်း မှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ အတွက် လူ (၃၆)ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးလျက် ရှိတယ်လို့ သိရပါသည်။ ကယ်ဒါ့စ် ပြည်နယ် မာနီဇေးလ် မြို့မှာ ဖြစ်ပွား ခဲ့တဲ့ မြေပြိုမှုမှာ လူနေအိမ်ခြေ များစွာ ပျက်စီးခဲ့ပြီး (၂၉)ဦး သေဆုံး ခဲ့ပါသည်။ဒါ့အပြင် ကာလီမြို့မှာဆိုရင်လည်း မြစ်ရေလျှံမှုကြောင့် ကမ်းပါးတွေ ပြိုကျခဲ့ပြီး လူ (၇)ဦး အသက်ဆုံးရှုံး ခဲ့ရပါသည်။ အဲဒီလို မတော်တဆ မှုတွေမှာ ပျောက်ဆုံးနေတဲ့ လူအရေအတွက် ကိုတော့ မသိရသေးကြောင်း ကိုလံဘီယာ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေး ဌာနကြေ ပာကြားခဲ့ ပါသည်။ မာနီဇေးလ် မြို့ မြေပြိုမှုမှာ အပျက်အစီးတွေအောက် ပိတ်မိပြီး အသက်ရှင် နေနိုင်တဲ့ လူတွေကို ကယ်ဆယ်နိုင်ဖို့ အ တွက် ကယ်ဆယ်ရေးသမား (၁၅၀)နဲ့ ရဲဝန်ထမ်း (၄၅၀)ခန့်က နေ့ရာညပါ ကြိုးစားလုပ်ကိုင် နေကြပါသည်။
ကိုလံဘီယာ နိုင်ငံဟာ အခုနှစ်မှာ အဆိုးဝါးဆုံး မိုးရာသီကို ကြုံတွေ့ခံစားနေရ တာဖြစ်ပြီး လူများစွာ သေဆုံးခဲ့ရရုံ သာမက လူ (နှစ်သိန်းခွဲ )ခန့်ဟာလည်း နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေခဲ့ရ ပါသည်။ (၂၀၁၀)ခုနှစ် ဧပြီလနဲ့ (၂၀၁၀)ခုနှစ် ဧပြီလ အ တွင်း မှာ လာနီညာ ရာသီဥတုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ တဲ့အတွက် လူ(၄၀၀)ဦး သေဆုံးကာ (၃.၆) သန်းခန့် ဘေးဒုက္ခ ကြုံေ တွ့ခဲ့ရတယ်လို့ သိရှိရပါသည်။

No comments:
Post a Comment