Sunday, October 30, 2011

You Tube ပေါ်မှာ နာမည်ကြီးနေတဲ့ ဖြစ်ရပ်ဆန်း

First Music News Journal
You Tube ပေါ်မှာ နာမည်ကြီးနေတဲ့ ဖြစ်ရပ်ဆန်း
တောတောင်နယ်မြေတွေ၊ လူသွား လူလာ ပြတ်လပ်တဲ့ နေရာတွေဟာ လူတွေအတွက် အန္တရာယ်ရှိတဲ့ အရပ်ဒေသ တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့တွေ ကျတော့လည်း အဲဒီအရပ် ဒေသတွေမှာ မသွားမဖြစ်၊ မလာမဖြစ် နိစ္စဓူဝ သွားလာ လှုပ်ရှား နေကြရပြီး အန္တရာယ် အနှောင့် အယှက်တွေနဲ့ အမြဲတမ်း မဟုတ်ရင်တောင် ရံဖန်ရံခါ ကြုံတွေ့ရ တတ်ပါတယ်။ သတိဝီရိယ ထားပြီး သွားလာ ရင်တောင် လူအန္တရာယ်၊ တိရစ္ဆာန် အန္တရာယ် တွေနဲ့ ပက် ပင်းရင်ဆိုင်ရ တတ်တာ ကြောင့် မြို့ကနေရွာကို စက်ဘီးစီး ပြန်လာတဲ့ လူငယ်လေးတစ်ဦးဟာ တောင်ဆိတ် တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်လေးက တောင်အာဖရိ ကနိုင်ငံက ဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၇ နှစ်အရွယ် အီဗန်ဆိုတဲ့ လူငယ်လေးဟာ သူငယ်ချင်း တစ်ဦးနဲ့အတူ စက်ဘီးကိုယ်စီစီးပြီး မြို့ကနေ ရွာကို ပြန်လာ ခဲ့ကြပါတယ်။
အဲဒီအချိန် မြက်ပင် ခြုံပုတ်တွေ ထူထပ်တဲ့ နေရာတစ်ခု အရောက် တောင်ဆိတ်ကြီး တစ်ကောင်က အီဗန်ရဲ့ ကိုယ်ပေါ်ကို ခုန်အုပ် တိုက်ခိုက် ခဲ့တာကြောင့် အီဗန်ခမျာ မြေပေါ်ကို အရှိန်ပြင်းစွာ မှောက်လျက်လဲကျ သွားခဲ့ပါတယ်။ ကံကောင်းတာက တောင်ဆိတ် ဟာ သူ့ကို နောက်ထပ် အန္တရာယ်မပြုဘဲ ခြုံထဲ ဝင်ရောက် သွားခဲ့ပါတယ်။ ဒီဖြစ် ပုံမြင်ကွင်းကို သူ့ နောက်ခပ် လှမ်းလှမ်း အကွာက လိုက်ပါလာတဲ့ သူငယ်ချင်းက အသင့်ပါတဲ့ ကင်မရာနဲ့ ဗီဒီယိုရိုက်ခဲ့ပြီး ၇၅ စက္ကန့်ကြာတဲ့ ဗီဒီယိုကို အခုဆိုရင် You Tube ပေါ်မှာ ကြည့်ရှုသူပရိသတ် နှစ်သန်းလောက်ရှိ သွားပါပြီ။

1 comment:

  1. ယုံနိုင်စရာမရှိပါ။
    နောက်ကလိုက်လာတဲ့၊ စက်ဘီးစီးနေတဲ့သူက ဒီပုံ(ဗွီဒီယိုပဲဖြစ်ဖြစ်)ကို၊ `အချိန်ကိုက်´(အချိန်ကိုက်)၊ ရိုက်ယူနိုင်တာ အင်မတိ၊အင်မတန်အံ့သြစရာပါပဲ။
    ဒီလိုဖြစ်မယ်ဆိုတာကြိုသိနေလို့လား။
    သိနေရင်ဘာဖြစ်လို့ ကြိုသတိမပေးလဲ။

    ReplyDelete

 

Sample text

Sample Text

Sample Text