Sunday, October 30, 2011

စက်ရုပ်အထောက်အကူပြု ခွဲစိပ်ကုသ ခြင်း Robotic Surgery

Healthcare
news
ယနေ့ခေတ် နည်းပညာများလျှင် မြန်စွာတိုးတက်လာ မှုကြောင့် လူနာများ ကို ခွဲစိတ် ကုသရာ၌ စက်ရုပ်များ ခွဲခန်း အတွင်းသို့ရောက်ရှိလာကြပြီဖြစ်၏။ စက်ရုပ် အထောက် အကူပြုခွဲစိပ်မှုက ခွဲစိပ် ရာအကြီးကြီးပေးစရာမလို၊ နက်နက်ရှိုင်း ရှိုင်းကြီး ခွဲစိတ် စရာ မလိုပဲ ထိရောက်စွာ ကုသပေးနိုင်ပြီဖြစ်၏။

စက်ရုပ်နည်းပညာဆိုင်ရာခွဲစိပ်မှု ဆိုသည်မှာ အဘယ်နည်း What is Robotic Sugery လူသားခွဲစိတ်ဆရာဝန်ကြီးအား ရှုပ် ထွေးလှသော ခွဲစိပ်ကုသမှုပြုလုပ်စဉ် ခေတ်မှီနည်း ပညာဖြင့်ပြုလုပ်ထား သော စက်ရုပ်က အထောက်အကူပြုသော ခွဲစိပ် မှု (Sugery) ကို ဆိုလိုပါသည်။
၁၉၉၀ နှောင်းပိုင်းမှ ယခုနည်းပညာ အသစ်ပေါ်လာပြီး key-hole sugery ခေါ် ဗိုက်တွင်အပေါက်ငယ်လေးဖောက်၍ များစွာလှုပ်ရှား၍ မရသော ခွဲစိတ်ကုသမှု၏ နေရာတွင် အစားထိုးဝင်ရောက်လာခြင်း ဖြစ်၏။ သမရိုးကျ key-hole sugery ဖြင့် အူအတက်ရောင်ရောဂါနှင့် သည်းခြေ အိတ်အူမကြီးကင်ဆာရောဂါများအား ခွဲ စိပ်ကုသ နိုင်ခဲ့ပြီး ချက်အနီး တပ်ဆင်ထား ၏။
ဝမ်းဗိုက်တွင် သေးငယ်သော အပေါက် ကလေးများ ဖောက်ကာ ယင်းမှ ကရိယာ ငယ် ၂ ခုသိုမဟုတ် ၃ ခုကို ထည့်သွင်း ၍ ခွဲစိပ်ကုသမှုပြုလုပ်ခြင်းဖြစ်၏။ ယင်း key-hole ခွဲစိပ်ကုသမှုမှာ လူနာများ နာကျင်မှုခံစားရမှုနည်းပြီး မြန်မြန် နလံ ထလာနိုင်သဖြင့် အလွန်ပေါ်ပြူလာဖြစ်ခဲ့ ၏။ သို့သော် အချိုသော ခွဲစိပ်ကုသမှုများ အတွက်မူ key-hole sugery မှာ ကန့်သတ်မှုများရှိနေပြီ ဆရာဝန်အတွက် အခက်အခဲများစွာရှိနေဆဲဖြစ်၏။
ယနေ့ ပေါ်ပေါက်လာသော စက်ရုပ်အထောက် အကူပြုခွဲစိပ်ကုသမှု (Robotic Surgery) မှာ ယင်းအကန့်အသက်ပြဿနာများကို ဖယ်ရှားနိုင်ပြီး ပိုမိုထိရောက်မှုရှိ၏။ Robotic Surgery ၏ ထူးခြားချက် များ Special Features of robotic Surgery လူသားဆရာဝန်ကြီးက ခွဲစပ်ကုသမှု တစ်ခုလုံး၏ အရှင်သခင်ပဲဖြစ်၏။ သူ၏ လက်များနှင့် key hole ကရိယာများကို အသုံးပြုမည့်အစား အလွန်သေးငယ်သည့် စက်ရုပ်လက်များစွာ (Robotic hands) ကို အသုံးပြုခြင်းဖြစ်၏။
ယင်းစက်ရုပ် လက်များမှာ များစွာမှ ပျော့ပြောင်းပြီး ပကတိလူ၏လက်များကဲ့သို့ဖြစ်၏ နောက် အားသာချက်တစ်ခုမှာ စက်ရုပ်လက်များ ကလူသားလက်များကဲ့သို့ တုန်ရိမှုမရှိပါ။ အလွန်နူးညံ့သိမ်မွေ့သော ခွဲစိပ်ကုသမှုများ ကို ပြုလုပ်နိုင်၏။ ထို့အပြင် ယခုစက်ရုပ် စနစ် ( Robotic System) က ခွဲစိပ် သော နေရာကို သုံးဖက်မြင် (3D) ဖြင့် ကြည့်ရှုစစ်ဆေးနိုင်ပြီး ယင်းမှာ သာမန် key-hole sugery ၌မရှိပါ။ ထို့အပြင် robotic ကင်မရာ စနစ်ကလည်း အလွန် တိကျပြီးကွဲပြားစွာ အကြီးချဲ့နိုင်၏။ ထို ကြောင့်ခွဲစိပ်စဉ် သေးငယ်သော်လည်း အရေးကြီးလှသည့် သွေးကြောငယ်များ၊ အာရုံကြောငယ်များကို မထိခိုက်အောင် ချန်ထားရာ၌ အထူးအသုံးဝင်၏။ ထို့ကြောင့် Robotic စနစ်ဖြင့် ခွဲစိပ် ကုသမှုတွေင် မြင်ကွင်းရှင်းလင်းတိကျမှု ကြောင့် ခွဲစိပ်ကုသမှုကို ကောင်းမွန်စွာ ပြုလုပ်နိုင်ပြီး နောက်ဆက်တွဲပြဿနာ များလည်း မရှိသလောက်ဖြစ်ပါသည်။
စက်ရုပ်နည်းပညာဖြင့်ခွဲစိပ်ရန် သင့်တော်သော အခြေအနေများ လွန်ခဲ့သော ၁၀ နှစ်ကစ၍ စက်ရုပ် နည်းပညာက အားလုံးကိုကျော်တက်သွား ၏။ စက်ရုပ်ခွဲစိပ်ပညာဖြင့် နှလုံးသွေး ကြောများကို အစားထိုးလဲလှယ်သော bypass surgery ဆီးကျိတ်အားဖယ်ရှား ခြင်း၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင် ဆာ၊ သွိုင်းရွိက်အကျိတ်စသည်ရောဂါများ အား ခွဲစိပ်ကုသနိုင်၏။ ယနေ့ခေတ်မှာ စက်ရုပ်သုံးခွဲစိပ်မှုနည်းပညာမှာ စံ Standard ဖြစ်၍လာပါပြီ။ သက္ကရာဇ် ၂၀ဝ၀ ခုနှစ်မှ စ၍ အမေရိကန်နိုင်ငံ FDA အသင်းကြီးမှ Da Vince Robotic System ခွဲစိပ်ကုသမှုအား အစာအိမ်အူ လမ်းကြောင်းဆိုင်ရာရောဂါများအားခွဲစိပ် ကုသရာ၌ အကောင်းဆုံးဟု အသိအမှတ် ပြုခဲ့၏။
ထိုနောက်ပိုင်းအကောင်းဆုံးဟု အသိအမှတ်ပြုခဲ့၏။ ထို့နောက်ပိုင်း စက် ရုပ်သုံးခွဲစိပ်ပညာကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာ၏။ သက္ကရာဇ် ၂၀ဝ၃ နှင့် ၂၀ဝ၄ တွင်စင်ကာပူနိုင်ငံက စက်ရုပ်သုံး ခွဲစိပ်ပညာအသုံးပြုရာ အဓိကစင်တာဖြစ် လာပြီး အာရှနိုင်ငံတဝန်းမှ ဆရာဝန်များအား နည်းပညာကို ဖြန့်ဖြူး ပေး-သင်တန်းပေးရာနေရာဖြစ်လာခဲ့၏။ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့်စင် ကာပူနိုင်ငံများတွင် အူမကြီးကင်ဆာအား Robotic Sugery ဖြင့် ယနေ့များစွာမှ ခွဲစိပ်ကုသမှုပေးနေနိုင်ပြီဖြစ်ရာ စင်ကာပူ နိုင်ငံကရှေ့ဆုံးမှ အတိုးတက်ဆုံးဖြစ်ကာ၊ နည်းပညာသစ်များဖြန့်ဖြူးပေးလျှက်ရှိပါ သည်။
အူမကြီးရောဂါများအား ခွဲစိပ် ကုသရာ၌ robotics ၏ အားသာ ချက်များ စက်ရုပ်အထောက်အကူပြု ခွဲစိပ်ကု သမှုတွင် လူနာက နလံထမြန်ဆန်ခြင်း၊ ဆေးရုံ၌ နေရသောအချိန်တိုတောင်းခြင်း၊ နောက်ဆက်တွဲပြဿနာများနှင့်ရောဂါပိုး ဝင်ရောက်မှုနည်းပါးခြင်း၊ ခွဲစိပ်ပြီး အမာ ရွတ်မထင်ခြင်း စသည့်အားသာချက်များရှိ နေ၏။ အထူးသဖြင့် စအိုအထက်အူမကြီး အပိုင်းကို ခွဲစိပ်ကုသရာ၌ robotic system က အထူးအားသာ၏။ အထူးသ ဖြင့် စအိုအထက်အူမကြီးအပိုင်းမှာ တင်ပ ဆုံရိုး၏ အဝန်းအဝိုင်းထဲမှာ ရောက်ရှိနေ သဖြင့် ယင်းနေရာမှာ ရှုပ်ထွေးကျပ်တည်း နေကာ ခွဲစိပ်ဆရာဝန်အတွက်ခက်ခဲလှ၏။
Robotic System ဖြင့်ခွဲစိပ်လျှင်အတွင်းသို့ တိကျကောင်းမွန်စွာမြင်ရပြီး ထိုနေရာအ တွင်းရှိ ဆီးအိမ် (bladder) အူပိုင်း (Bowel) နှင့်လိင်ပိုင်းဆိုင်ရာ အင်္ဂါများ (sexual organs)များအား ထိန်းချုပ်ရာ အာရုံကြောငယ်များကို မထိခိုက်အောင် ရှောင်ပြီးခွဲစိပ်ကုသ၍ ရ၏။ ထို့ကြောင့် အူမကြီး ယင်းနေရာတွင်ဖြစ်ပွားသော Rectal cancer များအား Robotic Surery ဖြင့်ခွဲစိပ်ကုသလျှင် ခွဲစိပ်ပြီး ဆီးသွား ၍ မရခြင်း။ လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှု များအားနည်းသွားခြင်း၊ မရှိသလောက် နည်းပါးပါသည်။ ထို့အပြင် ကင်ဆာဖြစ်နေ သော တစ်သျှူးအားကုန်စင်အောင် ဖယ် ရှားပစ်နိုင်သဖြင့် နောက်ထပ်ထိုနေရာမှာ ကင်ဆာပြန်မဖြစ်အောင် တားဆီးနိုင်ပါ သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text