Thursday, October 27, 2011

(Wi Fi) အသုံးပြုရန်မလိုဘဲ အင်တာနက် သုံးစွဲနိုင်မည့် အဆင့်မြှင့်တင်မှုများ (2G or 2.5G)

လက်ရှိ အချိန်တွင် GSM (Global System for Mobile Communications) ဖုန်းများဖြင့် အင်တာနက်အသုံးပြုလိုပါက ကြိုးမဲ့အင်တာနက်စနစ်(WiFi) ရရှိသည့် ဧရိယာများတွင်သာ အသုံးပြုနိုင်ရာ ဆက်သွယ်ရေးကွန်ရက်ဖြင့် အင် တာနက်သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်း အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မျိုးဆက်သည် 2.5 G မျိုးဆက်ဖြစ်ပြီး ဒုတိယမျိုးဆက် (2G) နှင့် တတိယမျိုးဆက် (3G) ကြား အပြောင်းအလဲအဆင့်ကို အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါစနစ်တွင် အထွေထွေပက်ကတ် ရေဒီယိုစနစ် (GPRS) ကို အသုံးပြုထားပြီး စာသားတိုပေးပို့မှုစနစ် (SMS) စနစ် နှင့်အင်တာနက် Data လွှဲပြောင်းမှု အချို့ကိုသာ ပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် 2.5G ကို 2.75G သို့ အဆင့်မြှင့်တင်မှုများပြုလုပ်ကာ GSM ဖုန်းများတွင် အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော် 2.5G အဆင့်မှ 3G အဆင့်သို့ ယခုအချိန်တွင် မြှင့်တင်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း၊ ထို့ကြောင့် လတ်တလောအချိန်တွင် GSM ဖုန်းများ၌ ဖုန်းခေါ်ဆိုမှုအပြင် ရုပ်ပုံများကိုပါ မြင်နိုင်မည့် (Video Call) ခေါ်ဆိုမှုများကို အသုံး ပြုနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။

"လက်ရှိအသုံးပြုနေတဲ့ GSM ဖုန်းတွေကို 2.5G  ဖြစ်အောင် upgrade လုပ်ပြီး (EDGE) လို့ခေါ်တဲ့ အဆင့်မြှင့်ထားတဲ့ အချက်အလက် ထုတ်လွှတ်မှုနှုန်းတွေကို အသုံးပြုလို့ရအောင် စီစဉ်နေတာဖြစ်ပါတယ်။ (EDGE) ရလာရင် GSMဖုန်းတွေ မှာ အင်တာနက် အသုံးပြုနိုင်ဖို့ ရှိပါ တယ်။ လောလောဆယ်မှာတော့ GSM ဖုန်းတွေကို 3G အဆင့်ကိုတိုးမြှင့်ပေးဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါကြောင့် 3G မျိုးဆက်တွေမှာမှ အသုံးပြုလို့ရတဲ့ Video call တွေကို အသုံးမပြုနိုင်သေးပါဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် GSM ဖုန်း များကို ၂၀၀၁ ခုနှစ်ဝန်းကျင်၌ စတင်ချထားပေးခဲ့ပြီး လက်ရှိအချိန်တွင် GSM ဖုန်းအလုံးပေါင်း ငါးသိန်းနီးပါးကို ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် GSM ရေဒီယို စခန်း ၃၀ ခုကို ထပ်မံတည်ဆောက်လျက်ရှိပြီး အဆိုပါစခန်းများအပြီး သတ်တည်ဆောက်ပြီးစီးပါက အလုံးရေ ခြောက်သောင်းကျော်ကို ထပ်မံချထားပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအတွင်း စတင်ချထားပေးခဲ့သည့် CDMA 800 MHz  ငါးသိန်းတန်ဖုန်းများမှာ လက်ရှိ၌ သုံးစွဲသူများ ပြားလျက်ရှိခြင်းကြောင့် GSM ဖုန်း များ၏ ၀ယ်လိုအားကျဆင်းနေခဲ့ပြီး လျှောက်ထားမှုမှာလည်း နည်းပါး နေကြောင်း သိရှိရသည်။

ဖုန်းနဲ့ပတ်သက်သည်များကို မေးမြန်းနိုင်ရန် နှင့် ဖုန်း သတင်းများ၊application & game၊ဖုန်းနည်းပညာ ၊ဖုန်းဈေးနှုန်း၊ဆောင်ရန်၊ရှောင်ရန်များကို ဖော်ပြပေးမည့် နေရာလေးပါ။
သူငယ်ချင်းတို့လဲ ဖုန်းသတင်းနဲ့ ဖုန်းအကြောင်းလေးတွေလဲ ကူရေးပေးကြပါခင်ဗျာ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text