Thursday, October 27, 2011

ဘန်ကောက် မှာ စားစရာ တွေ ပြတ်ပြီ ၊ လူတွေ လည်း စွန့် ခွာ

AP Photo Bangkok Flood
နောက်ဆုံးရ သတင်းများ အရ ရေနစ်မြုပ်လျှက် ရှိ သည့် ဒွန်မောင်း လေဆိပ် မှာ ဒုက္ခသည်
အချို့  ကို ဘန်ကောက် မြို့ မြောက်ဘက်ရှိ  နခွန် ဆ၀န် ခရိုင်  သို့  ပို့ ဆောင် ထားရ ပြီး စား
စရာ နှင့် သောက်သုံး ရေသန့် များ ပြတ်လပ် နေ သည့် အတွက် ဘန်ကောက် ဒေသခံ အချို့ 
မှာ ဘေးလွတ်ရာ မြို့ များ သို့ ရှောင် တိမ်းနေရသည်။  ထိုင်းနိုင်ငံ ၏ မြို့ တော် ဘန်ကောက် တစ်မြို့  လုံး နီးပါး အနည်းဆုံး ငါးပေ အမြင့် ထိရေကြီး
နိုင်ကြောင်း ၀န်ကြီးချုပ် ယင်လတ် ရှင်နာဝတ် က သတိပေးထား သည်။ ယမန် နေ့ က ရေကြီး
မှုကြောင့် ဒုတိယ အကြီး ဆုံး ဒွန်မောင်း လေဆိပ် ကို ပိတ်လိုက် ရသည်။
ယနေ့ ညနေ ခြောက် နာရီ နောက် ဆုံး သိရသည့် သတင်း များ အရ ရေကြီး မှု အန္တရာယ်သည်
သုဝဏ္ဏ ဘူမိ လေဆိပ် ကို ပင် ခြိမ်းခြောက် နေ သည် ဟု သိရသည်။
ဘန်ကောက်မြို့ တော် ၏ အချို့ နေ ရာများ မှာ ၁၀ ပေခန့် အထိ ရေနစ်မြုပ် နေသည်။ ဘန်ကောက်
မြို့ တွင်း ပြေး ဆွဲ နေသည့် ခရီးသည် ပို့ ဆောင်ရေး လိုင်း များ ကို ရပ်တန့် ထားရကာ အစိုးရ ရုံး
အချို့  ကိုလည်း ပိတ်ထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက် တွင် နှစ်လကြာ  ရေကြီးမှု ကြောင့် အနည်းဆုံး လူ ၃၈၀ သေဆုံး ခဲ့ ပြီဖြစ်သည်။ ရေလွှတ် ဂိတ် များ မှာ စီးဝင်လာသည့် ရေကို ထိမ်းသိမ်း နိုင်စွမ်း မရှိ ပါက ဘန်ကောက် မြို့  သည်
ရေ နစ်မြုပ်ခြင်း ဒဏ် ကို ဆိုးဆိုးရွားရွား ခံ စား ရမည် ဖြစ်သည်။
ဘန်ကောက် တွင် နေထိုင် သူ အား လုံး ရေမရောက် နိုင်သည့် နေရာ မြင့်များ တွင် နေထိုင်ရန် လည်း
ဝန်ကြီးချုပ် က ဆော်သြထား သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text