
ဆွီဒင်နိုင်ငံထုတ် နှစ်ထပ်ယာဉ် ကားကြီးများဖြင့်ပြည်တွင်းရှိ အဝေးပြေးယာဉ်လိုင်းများတွင် တိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်း Elite- Express ယာဉ်လိုင်းမှတာဝန်ရှိ သူ တစ်ဦးကပြောသည်။
အဆိုပါနှစ်ထပ် ယာဉ်ကားကြီး များမှာ လက်ရှိတွင် ရန်ကုန်-နေ ပြည်တော်ယာဉ်လိုင်းတစ်လိုင်းတွင် သာပြေးဆွဲလျက်ရှိပြီး ကားလေးစီးသာရှိကြောင်း သိရသည်။
”ကား ၃၄ စီးအထိ မှာယူထားပါတယ်။ ကားတွေရောက်လာ တာနဲ့ခရီးစဉ်သစ်တွေ တိုးချဲ့ပြေးဆွဲ သွားမှာပါ။ အောက်တိုဘာလကုန် လောက်မှာတော့ ရန်ကုန်-မန္တလေး ယာဉ်လိုင်းကိုတိုးချဲ့ပြေးဆွဲမှာပါ။ ဒီအတွက် စီစဉ်စရာရှိတာတွေကို ဆောင်ရွက်နေပါပြီ။ ထပ်တိုးပြေးဆွဲမယ့် ယာဉ်လိုင်းအသစ်အတွက် ကား ၄ စီးရောက်ရှိနေပါပြီ။ ယာဉ် စီးခတွေကိုတော့ မ.ထ.သ က သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ ပြေးဆွဲသွားမှာပါ” ဟုအထက်ပါပုဂ္ဂိုလ် ကပြောသည်။
အဆိုပါယာဉ်လိုင်း အသစ်တွင် လည်း Elite- Express အမည်ဖြင့်သာ ပြေးဆွဲသွားမည်ဖြစ်ပြီး အင်တာနက်သုံးစွဲခွင့်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင် က Sky Net အမျိုးအစား အင်တာနက်စနစ်ဖြင့် ဝန်ဆောင်မှုပေးရန် ဆောင်ရွက်ထားသော်လည်း လက်ရှိတွင် ၄င်းစနစ်ဖြင့်ကားတွင် တပ်ဆင်အသုံးပြုနိုင်ခြင်း မရှိသေး ကြောင်း ထပ်မံ၍ အင်တာနက်အသုံးပြုနိုင်မည့် စက်ပစ္စည်းတစ်မျိုး မှာယူထားကြောင်း သိရသည်။
”လောလောဆယ်အင်တာ နက်သုံးလို့မရသေးပေမယ့် လက်ရှိယာဉ်လိုင်းလို ဖုန်းနဲ့အခြား Electronic ပစ္စည်းတွေအားသွင်းနိုင်ဖို့ AC ပလပ်ပေါက် ၁ဝ ခုအထိတပ် ဆင်ပေးသွားမှာပါ။ နောက်ထပ် တိုးချဲ့ပြေးဆွဲမယ့် ယာဉ်လိုင်းတွေ အားလုံးကိုလည်း အင်တာနက်ဝန် ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်မှာပါ”ဟု ၄င်းကဆက်လက် ပြောသည်။
Elite- Express အနေဖြင့် ထပ်တိုးပြေးဆွဲမည့်ယာဉ်လိုင်းများ မှာရန်ကုန်-မန္တလေး၊ ရန်ကုန်- တောင်ကြီး – မန္တလေး – လားရှိုး စသည့်ယာဉ်လိုင်းများဖြစ်ပြီး ရန်ကုန် မန္တလေးယာဉ်လိုင်းအား မကြာမီပြေးဆွဲသွားမည်ဖြစ်ကြောင်း ရောက်ရှိလာမည့် ကားအရေအတွက်ပေါ် မူတည်၍ အခြားအဝေးပြေး ယာဉ်လိုင်းများတွင်လည်း တိုးချဲ့ပြေး ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment