
ကျသင့်ငွေ၏ ၃၀ ရာခိုင်နှုန်းကို ဘဏ်သို့ ပေးသွင်းရုံဖြင့် ချက်ချင်း အိမ်ပေါ် တက်နေရမည့် စနစ်ကို ရှိုင်းဆောက် လုပ်ရေး ကုမ္ပဏီမှ အောက်တိုဘာ ၁၈ ရက်က စတင် လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ရှိုင်း ကုမ္ပဏီမှ ပထမဆုံး အကြိမ် စတင် အကောင် အထည်ဖော် ခြင်းဖြစ်ကာ ၎င်းစနစ် အတွက် ကမ္ဘောဇ ဘဏ်က အပြည့်အဝ အာမခံချက် ပေးထား မည်ဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီက ဆောက် ပြီးသားတိုက်ခန်းတွေ၊ ကွန်ဒိုမီယမ် တွေ အားလုံးထဲက မရောင်းရသေး တဲ့ အခန်းတွေအားလုံးကို ငွေတစ် ဝက်ချေလိုက်တာနဲ့ ချက်ချင်းအိမ် ပေါ်တက်နေ လို့ရမယ့် ပုံစံကို အခု လုပ်နိုင်ခဲ့ပြီ။ တိုက်ခန်းဝယ်ချင်တဲ့ သူက တိုက်ခန်းဒါမှမဟုတ် ကွန်ဒို ရဲ့ ကျသင့်တဲ့ ၃၀ ရာခိုင်နှုန်းကို ဘဏ်မှာထည့်ပြီး ဝယ်သူက Account ဖွင့်ထားရမယ်။ ဒီတော့မှ ဘဏ်က ကျန်ငွေ ၇၀ ရာခိုင်နှုန်း ထပ်ဖြည့်ပေးပြီးကျွန်တော်တို့ဆောက် လုပ်ရေးကိုဘဏ်ကအပြည့်ပေးလိုက် မှာ။ ဘဏ်ကိုတော့ ဝယ်ယူတဲ့ သူက ချေးယူတဲ့ငွေပေါ်မူတည်ပြီး တစ်နှစ်ကနေ ၅ နှစ်အတွင်း အတိုးနှုန်းနဲ့တကွ ပြန်ဆပ်ရမယ်” ဟု ရှိုင်းဆောက်လုပ်ရေးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ဘဏ်စနစ်ဖြင့် ထိန်းချုပ်ရာတွင် ဝယ်ယူမည့်သူသည်မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူ၊ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ စသည်တို့ကို ယူဆောင်လာရမည်ဖြစ်ပြီး ၎င်း တို့ကို ဘဏ်တွင် အပ်နှံထားရမည် ဖြစ်ကာအာမခံနှစ်ဦးပါဝင်လက်မှတ်ထိုး ရမည်ဖြစ်ကြောင်း သိရသည်။ “ဘဏ်က အိမ်ရဲ့ပိုင်ဆိုင်မှု အထောက်အထားကို သိမ်းဆည်း ထားပါမယ်။
ဘဏ်ကချေးထား တဲ့ငွေ တစ်နှစ်ကနေ ငါးနှစ်အတွင်း မှာ အရစ်ကျပြန်ဆပ်ပေးရမှာဖြစ်ပြီး ငွေကြေတာနဲ့ ပိုင်ဆိုင်မှုကိုပေးပါ့ မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါရမယ်။ ဘဏ်ကနေ အိမ်၊ တိုက် ခန်းဝယ်ပေးတဲ့ အပေါ်မှာ အတိုးနှုန်း ကိုတော့ ဆောက်လုပ်ရေးဘက်က ရောဝယ်ယူသူဘက်ကပါပေးဆောင် ရမှာဖြစ်ပြီး ဘယ်ဘက်က အတိုး နှုန်း ဘယ်လောက်စီဆိုတာကိုတော့ ညှိနှိုင်းတုန်း။ မသတ်မှတ်ရသေး ဘူး” ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ဝယ်ယူရရှိနိုင်မည့် တိုက်ခန်းနှင့် ကွန်ဒိုများမှာ ကန်တော်ကြီးပတ် လမ်း၊ ၂၅ လမ်း၊ မဟာဗန္ဓုလ ပန်းခြံ လမ်း၊ ဆိပ်ကမ်း သာလမ်း၊ သိမ်ဖြူ လမ်းနှင့် ၈ မိုင်မှ ကွန်ဒိုမီနီယမ်များ ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment