Tuesday, October 25, 2011

ဂြိုဟ်အသစ်တစ်ခု မွေးဖွားခြင်းကို ဟာဝိုင်အီမှ သိပ္ပံပညာရှင်တစ်ဦး မှတ်တမ်းတင်နိုင်ခဲ့


ဟာဝိုင်အီတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်တစ်ဦး သည် ၁၀ မီတာရှည်သော ကက်ခ်တယ်လီစကုပ် ညီနောင်ကို အသုံးပြုပြီး ကြယ်(နေ) တစ်စင်းကိုပတ်ပြီး ဂြိုဟ်သစ်တစ်ခု မွေးဖွားခြင်း ကို ပထမဆုံးအကြိမ် တိုက်ရိုက် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း  သိရသည်။
LkCa 15b ဟုခေါ်သော ယင်း ဂြိုဟ်မှာ ဂြိုဟ်လောင်း  အဆင့်သာရှိသေးပြီး အေးသောဖုန်နှင့်ဓာတ်ငွေ့များ ၀န်းရံနေသည်ဟု သိရသည်။ ကမ္ဘာနှင့် အလင်းနှစ် ၄၅၀ အကွာတွင်ရှိသော ယင်းဂြိုဟ်မှာ တွေ့ရှိရသမျှထဲတွင် အငယ်ဆုံးဂြိုဟ်ဖြစ်သည်ဟု သိရသည်။
LkCa 15b ဟာ တွေ့ရှိရသမျှထဲမှာ အငယ်ဆုံးပါပဲ။ အရင်စံချိန်တင်ထားတဲ့ ဂြိုဟ်ထက် ငါးဆလောက် ပိုငယ်ပါတယ်။ အရင်တုန်းကဆိုရင် ဒီလိုမျိုးဖြစ်စဉ်တွေက ကြယ်(နေ)တွေနဲ့ အနီးမှာဖြစ်တော့ လေ့လာလို့ မရခဲ့ပါဘူး။ ဒါပေမဲ့အခု အချိန်မှာတော့ ကျွန်တော်တို့က ဒီဂြိုဟ်နဲ့ သူ့ပတ်ဝန်းကျင်က အခြေအနေတွေကို တိုက်ရိုက်တိုင်းတာ လေ့လာနိုင်ခဲ့ပါပြီ'' ဟု လေ့လာတွေ့ရှိခဲ့သည့် ပညာရှင် အဒမ်ခရောက်ဇ်က ဆိုသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text