Sunday, October 23, 2011

အမေရိကန်စစ်တပ် ကားပျံကို အသုံးပြုတော့မည်

အမေရိကန်နိုင်ငံ စစ်ဘက်ဆိုင် ရာမှာ အသုံးပြုရန် ဖက်ဒရယ်လေ ကြောင်း အတတ်ပညာဆိုင်ရာ အုပ် ချုပ်ရေး၏ ကင်းလွတ်ခွင့်နှင့် Terrafugia  Transition ခေါ်  အပေါ့စား တိုက်လေယာဉ် ပုံစံ  တစ်မျိုးကို လေယာဉ်အဖြစ်လည်း   အသုံးပြုနိုင်၊ မြေပြင်ပေါ်တွင်လည်း တရားဝင်မောင်းနှင်နိုင်သော ကား ပျံအဖြစ် တွင်ကျယ်စွာ အသုံးပြုရန် ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရ သည်။ကားပျံကို မနှစ်က နှစ်ဆန်း ပိုင်းကတည်းက စမ်းသပ်မောင်းနှင် နိုင်ခဲ့ပြီးဖြစ်သည်။ အမေရိကန်တပ် မတော်၏ အဆင့်မြင့် သုတေသန စီမံကိန်းအေဂျင်စီ DARPA က ကန် ဒေါ်လာ ၆၅ သန်း အသုံးပြု မည့်အစီအစဉ်ကို ကြေညာလိုက် သောအခါများစွာသော အမေရိကန် ကုမ္ပဏီများသည် လေထဲတွင် လေယာဉ်အဖြစ် လူ ၄ ယောက် စီးနင်းနိုင်ပြီး ဒေါင်လိုက် ဆင်း သက်နိုင်ကာ လမ်းပေါ်တွင်လည်း ကားအဖြစ်အသုံးပြုနိုင်သော ယာဉ် ပျံကို ထုတ်လုပ်နေကြပါသည်။ လမ်းပေါ်တွင် မောင်းနှင်နိုင်သော တိုက်လေယာဉ် သို့မဟုတ် ကားပျံ ကို ထုတ်လုပ်မှုအား အနိုင်ရအသင်း ၂ သင်းထဲက Terrafugia, Inc သည် အများဆုံးတစ်ဆင့်ခံ ကန် ထရိုက်ပေး ခွင့်ဝေစုကို ရရှိခဲ့သည်။ ထို့အပြင် Textron ကုမ္ပဏီများသည် လည်း ယင်းအခွင့်အရေးကို ရရှိခဲ့ သည်။ ကားပျံကို Transformer သို့မဟုတ် TX ဟုလည်း အမည် ပေးပြီး ရဟတ်ယာဉ်ကဲ့သို့ စွမ်း ဆောင်ရည်လည်းရှိကြောင်း ကြေ ညာချက်တွင်ပါဝင်သည်။ ယင်း ယာဉ်ပျံသည် ကားရော လေယာဉ် များပါ ကြုံတွေ့ရတတ်သည့် အတားအဆီးများကို ကျော်လွှားရန် မကြံဖူးအောင် စွမ်းဆောင်နိုင်သော ယာဉ်ဖြစ်သည်ဟု Darpa က ဆိုသည်။ ထိုယာဉ်ကို လာမည့်နှစ် ၏ ဒုတိယနှစ်ဝက်တွင် လက်တွေ့ အသုံးပြုနိုင်မည်ဟု မျှော်မှန်းထား သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text