Sunday, October 2, 2011

ကျောက်ပန်းတောင်း မြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ဂျပန်အမျိုးသမီး ခရီးသွားတစ်ဦး သေဆုံးမှုဖြစ်

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပျဉ်းမကန် ကျေးရွာအနီး ပဲစင်းငုံစိုက်ခင်း အတွင်း စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန်ခန့်က နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး မေ့မြောနေကြောင်း သတင်းအရ ကျောက်ပန်းတောင်း သုဂတိရှင်နာရေး ကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်၍ ကျောက်ပန်းတောင်း ဆေးရုံသို့ပို့စဉ် နိုင်ငံခြားသူ အမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ သေဆုံးသွားသူ နိုင်ငံခြားသူမှာ ဂျပန်လူမျိုး မစ္စရှီရာမတ်စု ချီဟာရု Ms Shiramatsu Chiharu ဆိုသူဖြစ်ပြီး အသက် ၃၀ ၀န်းကျင် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက ပုဂံ-ညောင်ဦး မြို့သို့လေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး ညောင်ဦးမြို့ရှိ တည်းခိုခန်းတစ်ခု တွင် တည်းခိုနေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂျပန်အမျိုးသမီး သည် အခင်းဖြစ်နေ့ နံနက် ၉ နာရီခန့်တွင် ညောင်ဦးမြို့မှ ကျောက်ပန်းတောင်းမြို့သို့ လိုင်းကားဖြင့် လိုက်ပါလာကြောင်း၊ ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ရှိ ကားဂိတ်ရောက်သောအခါ မောင် --- (၃၉ နှစ်) သာယာအေးရပ်နေသူ မောင်းနှင်သော ဆိုင်ကယ်တက္ကစီ အား ငှားရမ်း၍ ပုပ္ပားသို့သွားရောက် လည်ပတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ အဆိုပါ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆိုင်ကယ်တက္ကစီသမားမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုကျင့်ရာတွင် အော်ဟစ်မည်စိုး၍ ပါးစပ်အားပိတ်ရာမှ အသက်ရှူကြပ်၍ သေဆုံးသွားကြောင်း၊ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း ၍ ကျောက်ပန်းတောင်း ရဲစခန်းမှ ဆိုင်ကယ်တက္ကစီသမားအား ဖမ်းဆီးကာ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text