Sunday, October 2, 2011

ရေစီးအားဖြင့် မျောပါသွားခဲ့သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့

စက်တင်ဘာလ ၂၈ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဒဂုံမြို့ သစ်တောင်ပိုင်း၊ ၂၆ ရပ်ကွက်အတွင်း ရေလျံသည့် အတွက် ရေမြောင်း အတွင်းမှ အမှိုက်များ ရှင်းလင်း နေစဉ် ရေစီးအားကြောင့် မျောပါသွားခဲ့သော အသက် ၁၇ နှစ် အရွယ် အရန်မီး သတ်တပ်ဖွဲ့ဝင် တစ်ဦးကို ပြန်လည်ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက'' ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ရပ်ကွက်ထဲမှာ ရေတွေပြည့်လျံ နေတဲ့အတွက် မြောင်းကျယ်တွေထဲက အမှိုက်တွေကို ရှင်းနေတုန်းအဖွဲ့ဝင် မောင်ဝေယံဇော်က ရေစီးအားအရမ်းသန်တဲ့ အချိန်မှာမျောပြီး ကွန်ကရစ်ပိုက် လိုင်း ထဲပါမျောခဲ့တယ်။ ဟိုးဘက်မှာရှိတဲ့ အဖွဲ့ဝင်တစ်ဦးက ဖမ်းဆွဲရင်းနဲ့ ကယ်တင်နိုင်ခဲ့ပါတယ်'' ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

မောင်ဝေယံဇော်က''ကျွန်တော်က အပင်တွေကို နှုတ်နေတုန်း ရေစီးအား အရမ်းသန်တဲ့ အချိန်မှာ ခြေထောက် လွတ်ပြီးတော့မျောခဲ့တာ။ ကျွန်တော့်အနေနဲ့ ကံကောင်းခဲ့တာက တစ်ခုခုနဲ့ ငြိမနေတာ၊ တစ်ခုခုနဲ့ ပိတ်မိမနေ တာတွေကြောင့် ပြန်ပြီးကယ်တင် ခံရတာပါ။ ရုတ်တရက် ဖြစ်သွားတော့စိတ်ထဲမှာ အရမ်းကြောက်မိခဲ့ပါတယ်''ဟု ပြောပြ ခဲ့ပါသည်။ မောင်ဝေယံဇော်မှာ ဒဂုံမြို့ သစ်တောင်ပိုင်း(၁၉)ရပ်ကွက်၊ အမှတ် (၅၀၂) နံ့သာမြိုင်လမ်းတွင် နေထိုင်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text