Thursday, October 27, 2011

ဘာသာစကား သင်ကြား နိုင်သည့် Audio Book ဝယ်ယူနိုင်

Audio Book
ဘာသာ စကား သင်ကြား လိုသူများ အတွက် အသံစနစ်ဖြင့် နားထောင် သင်ယူနိုင်သော Audio Book များကို offline စနစ်ဖြင့် ဝယ် ယူနိုင်ပြီ ဖြစ်သည်။ အဆိုပါ Audio Book များကို ရောင်း ချပေးသော Myanmar Book Centre မှသိရသည်။ အဆိုပါ Audio Book များမှာ အင်္ဂလိပ် ဘာသာစကား၊ တရုတ်ဘာသာ စကားများ အပါအဝင် ဘာသာ စကားပေါင်း များစွာပါရှိသည်ဟု သိရသည်။ Audio Book များ ဝယ်ယူခြင်းနှင့်ပတ်သက်၍ Myanmar Book Centre မှ CEO ဖြစ်သူ ဒေါက်တာ သန့်သော်ကောင်းက “Audio book တွေကို ဝယ်ယူသူတွေအတွက် ဝန်ဆောင်မှု အနေနဲ့ ကိုယ်တိုင် နားထောင် ကြည့်ပြီးမှ ရွေးချယ် ဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှု ကိုပေးထားပါတယ်။ “Audio book တွေကို CD နဲ့ဝယ်ယူချင်သူတွေအတွက် CD ချပ်အခမဲ့ ရယူခွင့်ရှိပြီး ဝယ်ချင်တဲ့ audio file တွေကိုလည်း ကူးယူ ပေးမှာ Laptop နဲ့ Memory Stick တို့နဲ့ ဝယ်ချင်တဲ့သူတွေ အတွက်လည်း Audio file ထည့်သွင်းပေးမှာပါ” ဟုပြောသည်။ Audio Book များ၏ အရည်အသွေးနှင့် ပတ်သက်၍ “ရောင်းချပေး တဲ့ Audio Book တွေကို နိုင်ငံတကာကနေ အရည်အသွေး ကောင်းတဲ့ CD ချပ်တွေပဲ ရွေးချယ်ရောင်းချပေးပါတယ်။ offline စနစ်နဲ့ရောင်းချ ပေးတဲ့ အတွက် file size ဘယ်လောက်ကြီးကြီး ရောင်းချရာမှာ အခက်အခဲ မရှိပါဘူး” ဟု ဒေါက်တာ သန့်သော်ကောင်းက ဆိုသည်။ အဆိုပါ Audio book များကို File တစ်ခုလျှင် ၂၀ဝ၀ကျပ် ဖြင့်ဝယ်ယူ နိုင်မည်ဖြစ်ပြီး နိုင်ငံတကာမှ မှာယူတင်သွင်း ထားသော original Audio Book များဖြစ်ကြောင်းသိရသည်။ Audio Book များကိုဝယ် ယူချင်သူများအနေဖြင့် Myanmar book centre ဖုန်းဝ၉-၅၀ဝ၅၄၁၀ နှင့် ရန်ကုန်၊ မန္တလေးရှိ ဆိုင်ခွဲများတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text