
မိန်းကလေး တွေဟာ ယောကျာ်းလေး တွေ ထက် သွေးပေါင် ချိန်တက်ခြင်း အန္တရာယ်ရှိတယ် လို့ ကျွမ်းကျင်သူ တွေက ပြောကြပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ သူတွေက အဝလွန်တဲ့ ဆယ်ကျော် သက် မိန်းကလေးတွေမှာ အသံတိတ် လူသတ်သမားလို့ခေါ်တဲ့ သွေးပေါင်ချိန်တက်လွန်းခြင်းကို သက် တူရွယ်တူ ပုံမှန်ကိုယ်အလေးချိန်ရှိသူ တွေထက် ၉ဆပို၍ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ အဝလွန်တဲ့ ယောကျာ်းလေး တွေကတော့ အခြားပုံမှန်အလေးချိန် ရှိသူတွေနှင့် ယှဉ်လျှင် ၃.၅ ဆသာပို၍ သွေးပေါင်တက်ခြင်း ဖြစ်စေပါတယ်။ အတွင်း ဆယ်ကျော်သက် ၁၇၀ဝ ကျော်ကို လေ့လာချက်အရ အဝလွန် ခြင်းဟာ ယောကျာ်းလေး တွေထက် မိန်းကလေးတွေရဲ့ သွေးပေါင်ချိန်ကို ပို၍ အကျိုးသက်ရောက်မှု ရှိစေပါ တယ်လို့ ဆိုပါတယ်။ အကယ်၍ သာ သွေးလွှတ်ကြော မာခဲခြင်းအား မကုသပါက နှလုံးတိုက် ခိုက်ခံရမှု ဖြစ်စေခြင်းနှင့် ကျောက်ကပ် ရောဂါဖြစ် စေခြင်းတို့ကို တိုးပွားစေနိုင် ပါတယ်။ သွေးပေါင်တက်ခြင်းကို ကာ ကွယ်နိုင်တဲ့ ထိရောက်တဲ့ အဆင့်တွေ ကတော့ ခန္ဓာကိုယ် အလေးချိန် လျှော့ ချခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း နှင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်များ စားသုံးခြင်းတို့ ဖြစ်ပါတယ်။

No comments:
Post a Comment