Saturday, October 1, 2011

မြေမြှုပ် သင်္ဂြိုဟ်ခါနီးဆဲဆဲကျမှ အခေါင်းထဲကထလာ

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ရောက်ရှိလာချိန်၌ သေဆုံးသွားပြီဟု သတ်မှတ်ခံရသည်။ ဆရာဝန်များက မာရီယာဒါဒိုးကွန်ဆေးကော်(၈၈နှစ်)ကို သေဆုံးပြီဖြစ်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးပေးခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်း၌ သွေးပေါင်တက်ကာ သွေးကြောပိတ်ခြင်းဖြစ်ကြောင်း ရေးသားကာ သင်္ချိုင်းရှိအဆောင်သို့ပို့ခဲ့သည်။ အခေါင်းထဲသို့ထည့်ကာ အလောင်းအားပြင်ဆင်နေစဉ် သင်္ချိုင်းမှ အလုပ်သမားတစ်ဦးက အမျိုးသမီး၏ လှုပ်ရှားမှုနှင့် အသက်ရှူမှုကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဆရာဝန်များရောက်လာကာ သူ့အား အခေါင်းထဲ၌ပင် အရေးပေါ်ကုသချက်များပေးပြီးနောက် အထူးကြပ်မတ်ကုသဆောင်သို့ ပို့ခဲ့ရသည်။ ထို့ကြောင့် သူသည် ဒေသစံတော်ချိန် ညနေ၅ နာရီတွင် အရှင်လတ်လတ် မြေမြှုပ်ခံရမည့်ဘေးမှ လွတ်ခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text