Saturday, October 1, 2011

အမေရိကနု ထိပ်တန်း ဘီလျံနာ ၁၀ ဦး စာရင်းတွင် ဂျော့ဆိုးရော့စ် ပါဝင်လာ

news
ရင်းနှီး မြှုပ်နှံသူ ဂျော့ဆိုးရော့စ် (၈၁နှစ်) သည် အမေရိကန် အချမ်းသာဆုံး ၁၀ ဦးစာရင်းတွင် ပထမဆုံး ပါဝင် လာကြောင်း ဖောဘက်စ် မဂ္ဂဇင်း က စက်တင်ဘာ ၂၁ တွင်ဖော်ပြသည်။ ဘီလ်ဂိတ် သည် ဒေါ်လာ ၅ ဘီလျံတိုးလာပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉ ဘီလျံဖြင့် ထိပ်ဆုံး၌ ရပ် တည်ခဲ့သည်။ မိုက္ကရိုဆော့ဖ် တည်ထောင်သူသည် ၁၉၉၄ခုနှစ်မှစပြီး နှစ်စဉ်အချမ်း သာဆုံး အမေရိကန် စာရင်း တွင် နံပါတ် ၁ စွဲခဲ့သည်။ ထိပ် ဆုံး ၂၀ ဦးစာရင်း၌ ပါဝင်သည့် ရင်းနှီးမြှုပ်နှံသူ ဝါရင့်ဘူးဖက် မှလွဲပြီး လွန်ခဲ့သောနှစ်တွင် ဝင်ငွေ တိုးတက်ခဲ့ကြသည်။
ဘူးဖက်သည် ဘတ်ရှိုင်းယား ဟက်သားဝေးရှိ ၄င်း၏ ရှယ် ယာ တန်ဖိုးများ လျော့ကျခဲ့ သဖြင့် ပိုင်ဆိုင်မှု ဒေါ်လာ ၆ ဘီ လျံလျော့ကျပြီးဒေါ်လာ ၃၉ ဘီလျံမျှသာ ရှိခဲ့သည်။ ဘူးဖက် က အမေရိကန် လူချမ်းသာ များအပေါ် အခွန်တိုးကောက်ရန် သမ္မတ အို ဘားမားအား တိုက်တွန်းသည့် အပြင် ၄င်းပိုင်ဆိုင် မှု ၉၉ ရာခိုင်နှုန်းကို လှူပစ်ခဲ့မည်ဟု ကတိပြုခဲ့ သည်။ နံပါတ် ၇ နေရာသို့ ရောက်ခဲ့သော ဆိုးရော့စ် သည် ရွှေနှင့် စတော့ရှယ်ယာ အာမခံ စာချုပ်များ တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ဝင်ငွေ ဒေါ်လာ ၇ ဒသမ ၈ ဘီလျံတိုးပြီး ဒေါ်လာ ၂၂ ဘီလျံ ချမ်းသာလာခဲ့ သည်။
ဝေါလ်မတ် တည်ထောင်သူ ဆမ်ဝေါလ် တန်၏အမွေခံ ခရစ္စတင်းဝါလ် တန်သည် ဒေါ်လာ ၂၄ ဒသမ ၅ ဘီလျံဖြင့် အဆင့် ၆ သို့ကျ သွားသည်။ ကာစီနိုပိုင်ရှင် ရှယ်လ်ဒန်အက်ဒယ်ဆန်က ဒေါ်လာ ၂၁ ဒသမ ၅ ဘီလျံ ဖြင့် အဆင့် ၈၊ ဝေါလ်မတ် မိသားစုဝင်များဖြစ်ကြ သော ဂျင်နှင့် အဲလစ်ဝါလ်တန်တို့က ပိုင်ဆိုင်မှု ဒေါ်လာ ၂၁ ဒသမ ၁ ဘီလျံနှင့် ၂၀ ဒသမ ၉ ဘီ လျံစီဖြင့် အဆင့် ၉ နှင့် အဆင့် ၁၀တို့တွင်ရှိကြသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text