Saturday, October 1, 2011

အမျိုးသမီးငယ်များအား လိင်ကျွန် အဖြစ် စေခိုင်းသူ ဖမ်းဆီး


တရုတ်နိုင်ငံတွင် အမျိုးသား တစ်ဦးသည် အမျိုးသမီး ၆ ယောက် အား မြေအောက်ခန်း အတွင်း ၂ နှစ်ကြာ ပိတ်လှောင် ထားပြီး လိင် ကျွန်အဖြစ် ပြုလုပ် စေခိုင်းကာ ၄င်းတို့ ထဲမှ ၂ဦးအား သတ်ပစ်သည်ဟု သံသယ ရှိသည့် အတွက် ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိ ရသည်။
အသက် ၃၄ နှစ်အရွယ် မီးသတ်များ လီဟိုင်အိုဆိုသူ သည် မြေအောက်တွင် အိမ်ခန်း ၂ ခန်းကို တူးပြီးပြုလုပ်စေကာ လူအိုရင်းမြို့ တွင် အိမ်တစ်လုံးကိုဝယ်ယူခဲ့သည်မှာ ၄ နှစ်ခန့်ရှိပြီဖြစ်ကြောင်းသိရှိရသည်။ ထို့နောက် အမျိုးသမီးများအား ပြန်ပေးဆွဲကာ ၄င်းတို့ကိုနိုက်ကလပ်နှင့် အရက်ဆိုင်များတွင် အလုပ်စေ ခိုင်းခဲ့ကြောင်း ၄င်းတို့ပြောပြချက်အရ သိရှိရသည်။ ၄င်းတို့ထဲမှ အမျိုးသမီး တစ်ဦးထွက်ပြေး လွတ်မြောက် လာပြီးနောက် ၄င်းအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မစ္စတာလီကို စက်တင်ဘာ ၆ ရက် နေ့က ဖမ်းဆီးနိုင်ခဲ့ပြီး အမှုကို ဆက်လက် စစ်ဆေးနေကြဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုအမျိုးသမီးငယ်များကို သူ၏နေအိမ် မြေအောက်ခန်းထဲတွင် ပိတ်လှောင်ထားပြီး အခန်းမှာ ၁၂ ပေသာကျယ်ကြောင်း သိရှိရ သည်။ Southern Metropolis Daily သတင်းစာ ဖော်ပြချက်အရ မစ္စတာလီသည် ၄င်းအမျိုးသမီးငယ်များအား နှစ်ရက်မှ တစ်ကြိမ်သာ အစားအစာ ကျွေးမွေးကာ အားလျော့အောင် ပြုလုပ်စေပြီး ဘလက္ကာယ ထပ်ခါတလဲလဲ ပြု လုပ်ကြောင်း သိရှိရသည်။ ထို့အပြင် အခြားသော ယောက်ျားများကို ခေါ်ယူကာ ငွေယူပြီး အိပ်ခိုင်းကြောင်း ထွက်ပြေးလွတ်မြောက် လာသူ အသက် ၂၃ နှစ်ရှိ မိန်း ကလေးငယ်က ပြောပြသည်။ မြေအောက်ခန်း ထောင့်ရှိ အုတ်ဂူတစ်ခုထဲတွင် အမျိုးသမီး အလောင်းနှစ်လောင်း မြှုပ်နှံ ထားကြောင်းလည်း တွေ့ရှိရသည်။
ရဲများ က ၄င်းအား စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ရှိမရှိကိုပါ ဆက်လက် စစ်ဆေးနေကြောင်း သိရှိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text