Saturday, October 1, 2011

သင့် ဟမ်းဖုန်းကြောင့် သင့်ကို ကျန်းမာရေး ပြဿနာ ဖြစ်စေနိုင် သလား

လေ့လာမှုအသစ်တွေအရ Cell Phone ကို အချိန်များများ အသုံးပြုသူ (တစ်နေ့ကို မိနစ် ၃၀ ဒါမှမဟုတ် ဒါထက် အချိန်ပိုများသူ) တွေရဲ့ ဦးနှောက်  ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားမှု ဆက်စပ်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။ အမျိုးသား ကျန်းမာရေး အဖွဲ့မှ နောက်ဆုံး လေ့လာမှု အသစ်အရ Cell Phone Antenna မှ ထွက်လာတဲ့ Electromagnetic ရောင်ခြည်တွေကြောင့် Cell Phone နဲ့ နီးစပ်တဲ့ ၀န်းကျင်မှာ ဦးနှောက် ဂလူးကို့စ်တွေ မြင့်တက် လာတယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးမှာ ဘာထိခိုက်မှု ရှိတယ် ဆိုတဲ့ ပြဿနာကို တော့  မသိသေးပါဘူး လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်ရောင်ခြည် နဲ့ ထိတွေ့မှု နည်းအောင် သိပ္ပံပညာရှင်တွေ က အောက်ပါ အတိုင်း အကြံ ပေးထား ကြပါတယ်။
*စကားပြောစဉ်မှာ Cell Phone နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင် ရှောင်ပါ။
စပီကာဖုန်း ဒါမှမဟုတ် Hand Free ၀ိုင်ယာကို အသုံးပြုပါ။ ၀ိုင်ယာမဲ့ Bluetooth တွေ အနေနဲ့ ဓာတ်ရောင်ခြည်ကို လျှော့ချ နိုင်ပေမယ့် ဓာတ်ရောင်ခြည်ကို တော့ မဖယ်ရှား နိုင်ပါဘူး။
*ဖုန်းပေါ်မှ အချက်ပြဘား (Bar) ကို လိုက်နာပါ။
ဖုန်းပေါ်မှ အချက်ပြဘား အားနည်းသေးရင် ဒါမှမဟုတ် အမြန် ရွေ့သွားနေတဲ့ ကား ဒါမှမဟုတ် ရထားပေါ်မှာ ခရီးသွားရင်း ဖုန်းပြောပါက ဓာတ်ရောင်ခြည် နဲ့ ထိတွေ့မှု ပိုများပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Cell Phone အနေနဲ့ တာဝါတိုင် အသစ်ကို ပြန်မိဖို့ အမြဲတမ်း ကြိုးစား နေရလို့ပါ။ ဒါကြောင့် Cell Phone ကို အသုံးပြုမယ် ဆိုရင် အချက်ပြဘား သုံးလိုင်း ဒါမှမဟုတ် ဒါထက် ပိုပြ မှသာ ဖုန်းခေါ်ပါ။
*ကလေးတွေကို Cell Phone ပြောခိုင်းမယ့် အစား Message သာ ပို့ ခိုင်းပါ။
ကလေးငယ်တွေ ရဲ့ ဦးခေါင်းခွံဟာ လူကြီး ဦးခေါင်းခွံ ထက် ပိုပါးလွှာတဲ့ အတွက် ကလေးငယ်တွေ ဟာ သူတို့နား အနားမှာ Cell Phone ကို ကပ်ပြီး ပြောနေစဉ် မှာ ဓာတ်ရောင်ခြည်ကို စုပ်ယူနှုန်း မြန်ဆန် နိုင်ပါတယ်။ စကား ရှည်ရှည် ပြောဖို့ လိုရင် Cell Phone ကို အသုံးပြုမယ့် အစား Internet မှ တစ်ဆင့် စကားပြောတာ၊ Chatting  လုပ်တာတွေ ပြုလုပ်ပါ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text