Saturday, October 1, 2011

ကမ္ဘာ့ နားရွက် အကြီးဆုံးခွေး ပျံသန်းနိုင်သည် ဟု ပင် ထင်ရ


ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ကမ္ဘာ့ အကြီးဆုံးနှင့် အရှည်ဆုံး နားရွက် ရှိသည့် ခွေးအဖြစ် သတ်မှတ်ခံရသော ခွေးသည် နားရွက်များမှာ ကြီးမား ရှည်လျားလွန်း လှသောကြောင့် တောင်ပံများ ကဲ့သို့ ဖြစ်နေကာ ပျံသန်း နိုင်သည် ဟု ပင် ထင်ရသည် ဟု ဆိုသည်။ ခွေး၏ ဘယ်ဘက် နားရွက်သည် ၁၂ ဒသမ ၂၅ လက်မ ရှိပြီး ညာဘက် နားရွက်သည် ၁၃ ဒသမ ၅လက်မ ရှိသည်။
အဆိုပါ ခွေးကို အမဲလိုက်ရာ၌ အသုံးပြုပြီး သူ၏ နားရွက်များက လေကို ခတ်ယူလျက် နှာခေါင်းဆီသို့ ပို့ပေးကာ အနံ့ခံ စွမ်းရည်ကို ပိုမို ထက်မြက် စေသည်ကို ဟု ဆိုသည်။ ဟားဘား အမည်ရှိ ခွေးသည် သူ၏ ရှည်လျား လွန်းသော နားရွက်များကြောင့် ဒုက္ခ ကြုံတွေ့ရသည့် အခါ များလည်း ရှိခဲ့သည်။ ခွေးငယ်များက သူ၏ နားရွက်ပေါ် တက်ဖိထားမှုကို ရင်ဆိုင် ရသကဲ့သို့ လှေကားပေါ်မှ ဆင်းရာတွင်လည်း နားရွက်က တရွတ် ဆွဲနေပြီး အခက် တွေ့ရသည် ဟု ဆိုသည်။ ထိုခွေးကို အမေရိကန် ကော်လိုရာဒိုပြည်နယ် ဘိုးဒါးမြို့မှ ဂျန်နီဖာဝက် ဆိုသူက ပိုင်ဆိုင်ပြီး သူ၏ နားရွက်များကြောင့် ကမ္ဘာကျော် တစ်ဦး ဖြစ်လာကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text