ကမ္ဘာ့ အကြီးဆုံး နာရီပြပွဲ တစ်ရပ်ကို ဟောင်ကောင်တွင် စက်တင်ဘာလ ၇ ရက်နေ့က စတင် ကျင်းပရာ ဆွစ်ဇာလန် နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁ဝ သန်းကျော် တန်ဖိုးရှိ စိန်များ စီခြယ် ထားသည့် နာရီ တစ်လုံးကို စတင် ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ နာရီ၌ စိန်ပွင့် ၁၈၆ ပွင့် ပါဝင်ပြီး အလေးချိန် ၁၆ဝ ကာရက် ရှိသည် ဟု ဆိုသည်။ ယခု ပြုလုပ်သော နာရီပြပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပြသ သူပေါင်း ၇ဝဝ ကျော် က ပါဝင် ပြသခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment