Sunday, December 11, 2011

ViewPad 10 Pro


ViewPad 10 Pro
ကမ္ဘာ့ပထမ ဆုံးသော မတူညီတဲ့ OS Platform ၂ ခုပေါ်မှာ ခွပြီး အလုပ် လုပ်တဲ့ ViewSonic ထုတ် ViewPad 10 pro ဖြစ်ပါတယ်။ Android OS ပေါ် မှာ Android apps တွေနဲ့ အလုပ်လုပ် နေရာက switch change ပြီး window 7 OS Platform ပေါ်ပြောင်းပြီး Windows application တွေနဲ့ အလုပ်လုပ်နိုင် ပါတယ်။ မတူညီတဲ့ OS Platform ၂ ခုမှာခွဲပြီး အလုပ်လုပ် နိုင်တာ ကြောင့် အသုံးပြုနိုင်တဲ့ application တွေကလည်း စိတ်ကြိုက် ရွေးချယ် စရာများ လာပါတယ်။
ဒီလိုလုပ်ဆောင် နိုင်စေဖို့ အမြန်နှုန်း 1.5GHz နဲ့ လုပ်ဆောင် ပေးနိုင်တဲ့ Intel OakTrailTM Atom Z670 processor, IntelDX9 graphic chip eJY 2GB 667MHz DDR2 SDRAM တပ်ဆင် ပေးထား တာကြောင့် တကယ်ကို powerful ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဒါအပြင် storage ပမာဏ လုံလုံ လောက်လောက်နဲ့ အလုပ်လုပ်နိုင်ဖို့ Built-in 32GB SSD တပ်ပေး ထားပြီး လိုအပ်လို့ရှိရင် external slot ကနေ micro SD Card တွေ ထိုးသုံးလို့ရပါသေး တယ်။ အလေးချိန် ၈၅၀ ဂရမ်ပဲရှိတဲ့ ပေါ့ပေါ့ပါးပါး ViewPad မှာ လျှပ်စစ် အားသက်သာတဲ့ 10" LED multi-touch screen တပ်ဆင်ပေးထားတာ ကြောင့် E-book ဖတ်မလား၊ HD video ကြည့်မလား အဆင်ပြေစေပါတယ်။
ဒါ့အပြင် mini-HDMI port ပါရှိတာကြောင့် စက်ထဲသိမ်းထားတဲ့ HD movie ရုပ်ရှင်ကားတွေကို သူ့ထက် screen အရွယ်အစား ပိုမိုကြီးမားတဲ့ HDTV တွေနဲ့ တွဲဖက်ကြည့်ရှုလို့ရစေပါတယ်။ 1.3 megapixel အနုစိတ်အားနဲ့ ရိုက် နိုင်တဲ့ Webcam ကင်မရာလေးထည့်ပေးထားပြီး ပြင်ပဆက်စပ်ပစ္စည်း တွေနဲ့ ကြိုးမဲ့ချိတ်ဆက် အသုံးပြုနိုင် အောင် Bluetooth V2.1 + EDR စနစ်၊ အင်တာနက်နဲ့ wireless network တွေ ချိတ်ဆက်နိုင်ဖို့ ဖုန်းလိုင်းကနေ အင်တာနက် ချိတ်နိုင်ဖို့ 3.5G + Wifi စနစ်တွေ ပြည့်ပြည့်စုံစုံပါရှိပြီး ပြင်ပ အလင်းရောင်အပေါ်အာရုံခံပြီး screen အလင်းထွက်အားကို အလိုအလျောက် အတိုးအလျော့ လုပ်ပေးတဲ့ စနစ်တွေလည်း ရရှိပါတယ်။ လျှပ်စစ်သိုလှောင်မှု အား 5000mAh ရတှိဲ့ 2 cell Lithium -polymer battery ပးထား တာကြောင့် လာသမျှထဲမှာတော့ ဘက်ထရီစွမ်းအား အကြီးဆုံးပါပဲ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text