Sunday, December 11, 2011

Lenovo A1 Tablet

news
စင်ကာပူ နိုင်ငံမှ Lenovo Distributor ကိုယ်တိုင်တင်သွင်းပြီး ပြည်တွင်း ဈေးကွက် အတွင်း ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ Android 2.3 စနစ်သုံး Tablet အမျိုး အစားဖြစ်ပြီး Screen အကျယ် ကတော့ 7" ဖြစ်ပါတယ်။ T13622 Processor ကို အသုံးပြုထားပြီး Memory 512MB နဲ့ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB flash chip ပါဝင်ပါတယ်။ မြန်နှုန်းမြင့် Wireless နည်းပညာကို သုံးစွဲဖို့အတွက် 802.11 b/g/n နဲ့ Bluetooth ပစ္စည်းတွေနဲ့ တွဲဖက် အသုံးပြုနိုင် အောင်လည်း Bluetooth 2.1 ကို ထည့်သွင်း ပေးထားပါ သေးတယ်။ Lenovo Tablet တွေနဲ့ အဆင်ပြေပြေ တွဲဖက်သုံးစွဲဖို့ Android Software တွေကို စနစ်တကျ ရွေးချယ်လွှင့်တင်ပေးထားတဲ့ Lenovo Application Store ကိုလည်း ချိတ်ဆက်နိုင်မှာဖြစ်လို့ အဆင်ပြေတဲ့ Android Software တွေ တစ်ခု ချင်းစီစမ်းသပ်ပြီးမှ လိုက်လံရွေးချယ် ရတဲ့ဒုက္ခတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ အာမခံ ၁ နှစ်ပေးထားပြီး Lenovo Dealer ဆိုင်ကြီးများမှာ တူညီတဲ့ဈေးနှုန်းနဲ့ ဝယ်ယူ ရရှိနိုင် ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text