

Pay Pal ကုမ္ပဏီ ထူထောင်သူ ပီတာသီယယ်သည် စိတ်ကူးယဉ် သိပ္ပံဝတ္ထုထဲမှ မြို့တစ်မြို့ အကြောင်း စိတ်ကူးရပြီး ယင်းကဲ့သို့သော မြို့မျိုးကို နိုင်ငံတကာ ရေပြင် ပိုင်နက်တွင် အမှန်တကယ် တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ဘီလျံနာ သူဌေးက စီးစတီးဒင်း အဖွဲ့အား အမေရိကန်ဒေါ်လာ ၁ ဒသမ၂၅ သန်း ပေးအပ်ကာ ရေပေါ် ပေါလော ပေါ်နေသည့် မြို့တစ်မြို့ တည်ဆောက်ရန် စီမံ စေခဲ့ကြောင်း သိရသည်။
သူ၏ ရေပေါ် ပေါလော ပေါ်သည့် မြို့ကို ဆန်ဖရန်စစ္စကို ကမ်းရိုးတန်း ကမ်းလွန်တွင် လာမည့်နှစ် အတွင်း စတင် တည်ဆောက်မည် ဟု ဆိုသည်။ သူ၏ ရေပေါ် ပေါလော ပေါ်နေသည့် မြို့ကို ကမ်းလွန် ရေနံ တူးစင် ကဲ့သို့ တည်ဆောက်မည် ဖြစ်ပြီး သူက ယင်းတွင် ကုန်းပေါ်ရှိ လူအဖွဲ့အစည်း၏ စည်းကမ်း စည်းမျဉ်းများ၊ ဥပဒေများနှင့် ထိန်းချုပ်မှု များမှ လွတ်မြောက် လိုသည်ဟု ဆိုသည်။

No comments:
Post a Comment