Intel G41 + 1CH6 Chipset တွေနဲ့ ထိန်းကျောင်း ထားပြီး အကောင်း ဆုံး အမြန်ဆုံး အလုပ်လုပ် ပေးနိုင်တဲ့ စံနှုန်းရ အောင် ကမ္ဘာမြန်နှုန်း အမြင့်ဆုံး processor အတန်းအစား ဖြစ်ပြီး စူပါကွန်ပျူတာ တွေမှာသာ သုံးလေ့ သုံးထရှိတဲ့ Intel Xeon processor တစ်ပါတည်း တပ်ဆင် ပေးထားတဲ့ Micro Tek motherboard အမျိုးအစားပင် ဖြစ်ပါတယ်။ CPU ကို အအေးခံဖို့ အပူရှပ်ပြား heat-sink နဲ့ အအေးခံပန်ကာအုံကိုလည်း တစ်ပါတည်း တပ်ပေး ထားပါတယ်။ ဒါကြောင့် သီးခြား CPU ထပ်မံဝယ် ယူတပ်ဆင်စရာမလိုတော့တဲ့ အသင့်ဆုံး motherboard ဖြစ်ပါတယ်။ နောက်ထပ် သူ့ရဲ့ ထူးခြား ချက် ကတော့ ဗို့အားမတူ၊ မြန်နှုန်းနဲ့ အလုပ် လုပ်ဆောင်ပုံချင်းမတူတဲ့ DDR2 553 / 667 / 800 နဲ့ DDR3 1066 memory card ၂ မျိုးကို တစ်ပြိုင်တည်း ထိုးစိုက်သုံးနိုင်အောင် ပုံစံထုတ်ထား ခြင်းပါပဲ။ 2 in 1 ပေါ့။ နောက်ထူးခြားချက် တစ်ခုကတော့ HD video ကြည့်ရှုနိုင်ဖို့ HDMI port တစ်ခု ထည့်သွင်း ပေးထားခြင်း ပါပဲ။ SATA drive ၂ ခု တပ်ဆင် လို့ရပြီး expansion slot အနေနဲ့ PCIEX16 တစ်ခုနဲ့ 32bit PCI Slot ၂ ခု ပါရှိပါတယ်။ 1/0 port တွေ အနေနဲ့ serial port တစ်ခု၊ IDE port တစ်ခု၊ VGA port တစ်ခု PS2 keyboard and mouse အတွက် တစ်ခုစီနဲ့ USB 4 port ပါရှိပါတယ်။ အထူးခြား ဆုံးနဲ့ အကောင်းဆုံး ကတော့ ဈေးနှုန်းပါပဲ
No comments:
Post a Comment