Sunday, December 11, 2011

ANGRY BIRDS အင်္ကျီလေးတွေ ဝယ်နိုင်မယ့် နေရာ

7_10_38_3
ဖုန်း အသုံးပြုသူတွေ ကွန်ပျူတာ အသုံးပြုသူတွေ အားလုံး နီးပါး ကြိုက်နှစ်သက် စွဲလမ်းကြတဲ့ ဂိမ်းတစ်မျိုး ကတော့ Angry Birds လို့ အမည် ရတဲ့ ပုံစံ မျိုးစုံနဲ့ ငှက်လေးတွေ အဓိက ဇာတ်ဆောင်ပါတဲ့ ဂိမ်းပါပဲ။ အများနှစ်ခြိုက်ကြတဲ့ ဒီဂိမ်းဟာ သုံးစွဲသူတွေ အကြား အောင်မြင်မှုတွေ ရပြီး နောက်မှာတော့ အကွက်အကွင်းမြင် စီးပွားရေးသမား တွေက ဂိမ်းဇာတ်ကောင် တွေနဲ့ ပုံစံတူအရုပ်၊ သော့ချိတ်၊ ကလစ် အဝတ်အစားမျိုးစုံကို ထုတ်လုပ်လာပါတယ်။ ဂိမ်းတွေကိုစွဲလမ်းကို ဂိမ်းဇာတ်ကောင်တွေကိုအားပေး သူတွေကတော့ ဒီလို ပစ္စည်းတွေကို အမှတ်တရ စုဆောင်းဝယ်ယူ လေ့ရှိကြပါတယ်။
အရုပ်နဲ့ ပစ္စည်းသေးသေး မွှားမွှားတွေ အပြင် အဝတ်အစားကတော့ လူတိုင်းနဲ့ အသုံးတညြ့်ပီး အကြိုက်များကြလို့ ဒီတစ်ပတ်မှာတော့ Angry Birds ချစ်သူတွေ အတွက် အရွယ်စုံဝတ်လို့ ရတဲ့ အင်္ကျီတွေရှိတဲ့ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်။ ဒီဆိုင်မှာ Angry Birds ဝတ်စုံ၊စတစ်ကာ၊ ကျောက်စီတဲ့ ဒီဇိုင်းတွေနဲ့ အင်္ကျီတွေကို အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးဝတ်အမျိုးစုံရနိုင်ပါတယ်။
မိန်းကလေးဝတ် အင်္ကျီတွေက တီရှပ်၊ မိန်းမဝတ် ဘလောက်ပုံစံတွေအပြင် ခေါင်းစွပ်အနွေးထည် ကုတ်အတိုစသဖြင့် ပုံစံမျိုးစုံရှိပြီး ဈေးနှုန်း အနေနဲ့လည်း အနိမ့်ဆုံး ၃၂၀ဝ ကျပ်ကနေ အမြင့်ဆုံး ၆,ဝ၀ဝ ကျပ်အထိရှိပါတယ်။ ကလေးဝတ်အကျီင်္တွေကတော့ အနိမ့်ဆုံးဈေးနှုန်း ၂,၇၀ဝ ကျပ် ကနေစပြီး ၁၀ ရာခိုင်နှုန်း လျှော့ဈေးရှိတယ်လို့လည်းသိရတယ်။
လူကြီးဝတ် အဝတ်အထည် တွေကိုတော့ နှစ်သောင်းဖိုး ဝယ်ရင် ငါးရာခိုင်နှုန်း လျှော့ပေးပြီး တခြား လက်ဆောင်ပစ္စည်းတွေ ပေးတဲ့ အစီအစဉ် တွေလည်းရှိတယ်လို့ သိရပါတယ်။ Angry Birds အင်္ကျီတွေကို တစ်နေရာတည်းမှာ အားလုံးရနိုင်တဲ့ဆိုင်ကတော့ လမ်းမတော်မြို့ နယ် အနော်ရထာလမ်းနဲ့ ၁၄လမ်းထောင့်မှာရှိတဲ့ ဖြိုးဖက်ရှင်ဆိုင်ပဲ ဖြစ်ပါတယ်။
ဖွင့်တာမကြာသေးတဲ့ ဒီဆိုင်က ဝယ်ယူ သူတွေအတွက် အခြား အထူး အစီအစဉ်တွေလည်း ရှိတာဖြစ်လို့ ဂိမ်းဇာတ်ကောင် အရုပ်တွေပါတဲ့ အကျီင်္တွေ ဝယ်ချင်တဲ့ သူတွေအတွက်ရော အားလုံး အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်

No comments:

Post a Comment

 

Sample text

Sample Text

Sample Text