
PSP ဂိမ်းစက်ပုံစံ လက်ကိုင် ဂိမ်းစက် ကလေးတွေပါ။ ထောင့်ဖြတ် ၄.၃ လက်မရှိတဲ့ TFT LCD touchscreen တပ်ဆင် ပေးထား တာကြောင့် ဂိမ်းကစား လို့ကောင်းတဲ့ မျက်နှာပြင်ဧရိယာ လုံလုံ လောက်လောက် ရှိပါတယ်။ Game Function မှာ GBA, Nintendo, Family, 3D Arcade, Touch Game အမျိုးမျိုး ကစားနိုင်ပြီး စက်ထဲမှာ Original GBA Game အမျိုးအမည် ၃၀ဝ။ 3D Arcade Game အမျိုးအမည် ၂၀။ Touch Game အမျိုးအမည် ၂၄ မျိုး အရံသင့် ထည့်ပေးထား ပါတယ်။ ဂိမ်းထဲမှာပါတဲ့ နောက်ခံ background ရဲ့ အရောင်နဲ့ရှုခင်းများကို စိတ်ကြိုက်ပြောင်းလဲလို့ ရစေ ပါတယ်။ ငါးစာကျွေး၊ ပင်ဂွင်းငှက်ကို ထိရုံဖြင့် ခုန်၊ လိပ်ပြာကို ထိရုံနဲ့ ပျံ၊ မိုးရွာရှုခင်းကြည့်၊ ကျင်းထဲက ကြွက်ခေါင်းရိုက် အစရှိတဲ့ sitution effect များနဲ့ ရေမြှုပ်လုံးထည့်၊ မြူနှင်းကျ၊ အလင်းပွင့်ထည့်၊ ရောင်စဉ် မျဉ်းတန်းထည့်စတဲ့ PSP effect များကိုလည်း လုပ်ဆောင်စေ နိုင်ပါတယ်။ အမှန်တော့ ဒီကိရိယာလေးဟာ ဂိမ်းအတွက် သီးသန့်သာမဟုတ်ဘဲ tablet ကွန်ပျူတာတစ်ခုနဲ့တူတာကြောင့် ဗီဒီယိုဖွင့်မလား၊ သီချင်းနား ထောင်မလား၊ အသံဖမ်းမလား၊ E-book reader အဖြစ် သုံးမလား၊ ကင်မရာထည့်သွင်းထားတာ၊ ဓာတ်ပုံဗီဒီယိုရိုက်မလား၊ အဘိဓာန် အဖြစ် သုံးမလား၊ Stopwatch အဖြစ်သုံးမလား၊ ဂဏန်းတွက်စက်အဖြစ် သုံး မလား၊ ဓာတ်ပုံတွေတစ်ဖျပ်ဖျပ် slide ထိုးပြီးပြနေတဲ့ Photo frame အဖြစ် သုံးမလား စွယ်စုံသုံးလို့ ရပါတယ်။ ဘက်ထရီနေရာမှာလည်း အလွယ် တကူ ဝယ်ယူရရှိနိုင်တဲ့ 4L battery ကိုလည်း သုံးနိုင်ပါတယ်။ Search function သုံးပြီး file name ရိုက်ထည့်လိုက်ရုံနဲ့ လိုချင်တဲ့ file ကို တန်းရှာ ပေးနိုင်သလို external device ထဲကို တိုက်ရိုက် copy ကူး တိုက်ရိုက် copy ထုတ်လို့ ရစေပါတယ်။

No comments:
Post a Comment