Wednesday, December 7, 2011
အီးမေးလ်နှင့်အချက်အလက်များကို အပြည့်အ၀ကာကွယ်ပေးနိုင်ရန် Google ပြုလုပ်
နည်းပညာအဆင့်မြင့်ပြီး ပိုမိုခက်ခဲသည့် နည်းလမ်းများအသုံးပြု၍ သိမ်းဆည်းထားသည့် အချက်အလက်များကို အလွယ်တကူ decrypt ပြုလုပ်နိုင်ခြင်းမရှိစေရန်အတွက် Google မှ ၎င်း၏အီးမေးလ်နှင့် အခြားဝန်ဆောင်မှုများတွင် စွမ်းရည်ပိုမိုပြည့်ဝသော encryption စနစ်ကို ပြင်ဆင်ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။ Forward secrecy အမည်ရှိ အဆိုပါစနစ်ကို ၎င်း၏၀န်ဆောင်မှုများတွင် အသုံးပြုပေးထားပြီဖြစ်ကြောင်း Google မှပြောကြားခဲ့ပြီး ၎င်းစနစ်ဖြင့် ကိုယ်ပိုင်လျှို့ဝှက်အချက်အလက်များကို လုံခြုံအောင် သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ အဆိုပါ forward secret HTTPS စနစ်ကို Gmail, Google Docs, SSL Search နှင့် Google+ တို့တွင် စတင်ထည့်သွင်းပေးထားခြင်းဖြစ်ပြီး Chrome အသုံးပြုနေသူများအနေဖြင့်လည်း ၎င်းတို့၏လုံခြုံရေးစနစ်ကို HTTPS ဆိုက်များရှိ address bar ထဲမှ အစိမ်းရောင်သော့ခလောက်ပုံကို click ပြုလုပ်ကာ ECDHE_RSA ကိုရှာဖွေစစ်ဆေးကြည့်နိုင်ကြောင်း သိရသည်။ အဆိုပါလုံခြုံရေးစနစ်ပါရှိသည့် Google ၀န်ဆောင်မှုများကို Chrome နှင့် Firefox browser များတွင်သာအသုံးပြုနိုင်ပြီး Internet Explorer တွင်မူ အသုံးပြုနိုင်ခြင်းမရှိသေးသော်လည်း မကြာမီအချိန်အတွင်း IE တွင်ပါ ဆက်လက်ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားကြောင်း Google လုံခြုံရေးအဖွဲ့မှ Adam Langley ဆိုသူကပြောကြားခဲ့သည်။ Google အနေဖြင့် လုံခြုံစိတ်ချရသည့် encryption စနစ်ကို ၎င်း၏ user များအတွက် ကြိုးစားထောက်ပံ့လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment