ဒါရိုက်တာ စတီဖင်စပီးလ်ဘတ်၏ Close Encounters Of The Third Kind ရုပ်ရှင်ကားထဲတွင် ကဲ့သို့  ပန်းကန်ပြားပျံ တစ်စင်း တောအုပ်ထဲ၌ ဆင်းသက်နေပုံကို တွေ့ မြင်ရသည်။ သို့ သော် ဂြိုဟ်သားများနှင့် တွေ့ ရှိရရန်ကိုမူ မမျှော်လင့်နိုင်ပါ။ဤနေရာသည် အိပ်စရာ နေရာ တစ်နေရာသာ ဖြစ်သည်။ ဆွီဒင်နိုင်ငံဟာ ရက်ဒ်မြို့ ကလေး၌ ဖွင့်လှစ်လိုက်သော ပန်းကန်ပြားပျံ ဆင်းသက်နေဟန် ပုံစံ ရှိသော ဟိုတယ် တစ်လုံးသာ ဖြစ်သည်။ ဟိုတယ်သည် သစ်တောအတွင်း၌ တည်ရှိပြီး လူနှစ်ယောက် နံနက်စာ အပါအ၀င် တစ်ညအိပ်ခ အတွက် အမေရိကန် ဒေါ်လာ ၆၃၀ ပေးရကြောင်း သိရသည်။ ဟိုတယ်၌ အထပ်နှစ်ထပ် ရှိပြီး အခန်းနှစ်ခန်း ရှိရာ လူလေးယောက်သာ တည်းခိုနိုင်ကြောင်း သိရသည်။

No comments:
Post a Comment