Saturday, December 17, 2011

Bridgestone ၏ အနာဂတ် ကား တာယာများ လေထိုး လေဖြည့်ရန် မလိုတော့ဘူးလား

နာမည်ကျော် ဂျပန်အခြေစိုက် တာယာထုတ်လုပ်သူ Bridgestone Corp မှ အနာဂတ်ကာလ အတွက် သဘာဝ ပါတ်ဝန်းကျင်းနှင့် ပိုမို သဟဇာတဖြစ်ပြီး လေထိုး လေဖြည့်ရန် မလိုသော မျိုးဆက်သစ် တာယာတစ်မျိုးကို ယခုနှစ် တိုကျိုကားပြပွဲ ၂၀၁၁ တွင်  ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။
http://patheincity.com/news//HLIC/d9b5872a9de7119d54f83c9756d00cb5.jpg
Bridgestone မှ ထုတ်လုပ်လိုက်သော အဆိုပါ လေမဲ့ တာယာပုံစံသစ်သည် အတွင်းပိုင်းတိုင် ကော်စေး အချောင်းလေးများကို ပိုက်ကွန်သဖွယ် ရက်လုပ်ထားပြီး အသုံးပြုသော ယဉ်၏ အလေးချိန်ကို ထောက်ခံပေးနိုင်ရန် ပြုလုပ်ထားသည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ တာယာတွင် အသုံးပြုထားသော ပစ္စည်းများအားလုံးကို ပြန်လည်အသုံးချ၍ ရမည်ဟု ဆိုသည်။ “ဒီတာယာက ကားဆောင့်တဲ့ဒဏ်ကို လုံလုံလောက်လောက် ခံနိုင်ရည်ရှိတဲ့ အတွက် စီးနင်းတဲ့အခါ သက်တောင့်သက်သာ ဖြစ်မှာပါ” ဟု ကုမ္ပဏီ ထာဝန်ရှိသူများက ဆိုပါသည်။
bridgestone airless tyre concept

No comments:

Post a Comment

 

Sample text

Sample Text

Sample Text