
ဟင်းသီးဟင်းရွက်များနဲ့ ပြုလုပ် ထားတဲ့ ရွှေဝါရောင် ဟင်းသီးဟင်းရွက် စတူးGolden Vegetable Stew လို့ အမည်ရတဲ့ ဟင်းပွဲလေးဟာ အထူးသဖြင့် သက်သတ်လွတ် စားသူများအတွက် ရည်ရွယ်ပြီး ပူနွေးကာ အာဟာရကြွယ်ဝတဲ့ စားစရာဟင်းပွဲ လေးဖြစ်ပါတယ်။ မုန်လာဥနီ၊ ရွှေဖရုံ သီး၊ ခရမ်းချဉ်သီး အစရှိတဲ့ အဝါ ရောင် ဟင်းသီးဟင်းရွက်များ အဓိကပါဝင်လို့ ဗီတာမင် A ၊ အင်တီအောက် စီးဒင့်များနဲ့ လိုင်ကိုပင်းဓာတ်တို့ ကြွယ်ဝပါတယ်။ ဒါ့ကြောင့် အသား အရေလှပစေခြင်း၊ မျက်စိအမြင်အာရုံ ကောင်းစေခြင်းအပါအဝင် ကျန်းမာ ရေးနဲ့ အထူးသင့်လျော်တဲ့ ဟင်းပွဲ တစ်ခွက်ဖြစ်ပါတယ်။ နှစ်သက်ရင် အချဉ်ဆော့စ်နဲ့ စားနိုင်ပါတယ်။ ဒီဟင်းပွဲကို ပေါင်မုန့်ညိုအချောင်း (Brown Bread Rolls) များနဲ့ တွဲဖက်ပြီး စားရမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စ္စည်းများ
ဆီ - ဟင်းစားဇွန်း ၃ ဇွန်းကြက်သွန်နီ - ၁ လုံး၊ အခွံနွှာပြီး လှီးဖြတ်ထားပါ။ မုန်လာဥနီ - ၂၅၀ ဂရမ်၊ အခွံနွှာ ပြီး ပါးပါးလှီးထားပါ။ ပဲတောင့်ရှည် (အနီရောင်မရပါက အစိမ်းရောင်) - ၁၀ဝ ဂရမ် ခရမ်းချဉ်သီး - ၄၀ဝ ဂရမ် (ပြုတ် ထားပါ) ဟင်းသီးဟင်းရွက်ပြုတ်ရည် - ၃၀ဝ ml(၁ခွက်) (ပြုလုပ်နည်းမှာ မုန်လာ ဥနီ ၂ လုံး၊ အာလူး ၂ လုံး၊ ကြက်သွန် နီ ၂ လုံး၊ ကြက်သွန်မြိတ်တစ်ပင်ကို နုတ်နုတ်စဉ်းပြီး ရေတစ်လီတာထည့် ကာ မိနစ် ၃၀ ပြုတ်ပါ။) ဆား - အရသာရှိသလောက်ပမာဏ ငရုတ်ကောင်း - အနည်းငယ် ရွှေဖရုံသီး - ၄၅၀ ဂရမ်
ပြုလုပ်နည်း-
ဆီကို ဒယ်အိုးထဲမှာ အပူပေးပြီး ကြက်သွန်နီနှင့် မုန်လာဥနီကို ၅ မိနစ် ခန့် ကြော်ပါ။ - ပဲတောင့်ရှည်၊ ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို ထည့် ပါ။ ဆားနှင့် ငရုတ်ကောင်းကိုထည့် ပါ။ ထိုအရည်အရောအနှောကို ဆူပွက် အောင်ပြုတ်ပါ။ ပြီးလျှင် အပူချိန်ကို လျှော့ချပြီး အိုးကို အဖုံးအုပ်ကာ ၁၅ မိနစ်ခန့် မီးနွေးနွေးနှင့် နှပ်ထားပါ။ - ရွှေဖရုံသီးကို အိုးထဲထည့်ပြီး အဖုံးအုပ်ပါ။ အလယ်အလတ် အပူချိန် ဖြင့် နောက်ထပ် ၁၅ မိနစ်ထပ်ချက်ပါ။ - အရသာကို မြည်းကြည့်ပြီး အပေါ့အငန်လိုသလို မြည်းပြီး ထည့် ပါ။ အနေတော်ဖြစ်လျှင် ပန်းကန် လုံးလေးများထဲမှာ ထည့်ပြီး ပူပူနွေးနွေး စားသုံးနိုင်ပါတယ်။

No comments:
Post a Comment