Thursday, December 8, 2011

အိပ်နေရင်း ယောင်ပြီး ဇနီးကို ရိုက်နှက်မိသူ

hd_9_5_3
အင်္ဂလန်က Derek Barfoot ဆိုသူ အသက် ၇၅ နှစ်ရှိ အမျိုးသား ကြီးဟာ Parasomnia လို့ ခေါ်တဲ့ ရှားပါးတဲ့ အိပ်စက်ခြင်းဆိုင်ရာ ရောဂါ တစ်မျိုးကို ခံစား နေရပါတယ်။ အဲဒီရောဂါကြောင့် သူဟာ အိပ်မက်ဆိုးတွေ မက်လေ့ရှိပါတယ်။ အဲဒီရောဂါဟာ အိပ်စက်နေတဲ့ အချိန်မှာ အိပ်စက်တဲ့ စက်ဝန်းတွေ ကြားထဲက အချိန်လေးတွေမှာ တစ်ဝက်တစ်ပျက် နိုးကြားခြင်း Partial Arousal ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။
ဥပမာအားဖြင့် ဇဝေဇဝါဖြစ်ကာ နိုးကြား တက်ကြွ လာခြင်း၊ အိပ်နေစဉ် လမ်းထလျှောက်ခြင်း စသည်တို့ ဖြစ်ပါတယ်။ Barfoot ရဲ့ ကိစ္စမှာလည်း သူဟာ အိပ်နေစဉ်မှာ ကြမ်းတမ်းလာပြီး ပစ္စည်း သို့မဟုတ် လူတစ်ဦးဦးကို ထိခိုက်အောင် ပြုလုပ်ကာ နိုးလာရင် အဲဒါတွေကို ဘာမှ မမှတ်မိတော့ခြင်းပဲ ဖြစ်တယ်။
Barfoot ဟာ သူ့ဇနီးကို အိပ်နေစဉ်မှာ ရန်ပြုခြင်း ၂ ခါ ပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်တွေက သူ့ဇနီး၏ ဘေးကင်း မှုအတွက် အခန်းခွဲပြီး အိပ်စေပါတယ်။ ဒီရောဂါဟာ ရှုပ်ထွေးတာကြောင့် ဆရာဝန်တွေဟာ ဘယ်ကုထုံးနဲ့ကုသရမလဲဆိုတာကို မသေချာသေးဘဲ ရွေးချယ် နေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text