Tuesday, December 27, 2011

ယာဉ်မောင်းများရဲ့ ဆီးအောင့် ထားခြင်း ပြဿနာ

 ပိုမို ပြင်းထန်လာ အရက်သောက်ပြီး ကားမောင်း ခြင်းဟာ ယာဉ်မတော်တဆ ဖြစ်မှုများ ကို ဖြစ်စေနိုင်တယ် ဆိုတာ အားလုံး သိကြပါတယ်။ ရေတွေ အများကြီး သောက်ပြီး ကားမောင်းခြင်း ဟာလည်း ထို့နည်းတူ ဖြစ်စေ နိုင်ပါတယ်။ ကားမောင်းနေစဉ် ယာဉ်မောင်း များ ဆီးအောင့် ထားခြင်းဟာ အရမ်း ကို ဆီးသွားချင်တဲ့ အခါမှာတော့ အန0x081တရာယ်ဖြစ်စေ နိုင်ပါတယ်တဲ့။  မယ်လ်ဘုန်းမှ သုတေသီများ၏လေ့လာ ချက်အရ ဆီးအရမ်းသွားချင် နေခြင်းဟာ အရက်သောက်ထားလို့ သွေးတွင်းအယ်လ်ကိုဟော ပမာဏ ဝ.၅ ရှိနေခြင်း သို့မဟုတ် အလွန် အိပ်ရေးပျက်ထားခြင်းတို့လိုပဲ အာရုံ ပျက်ပြားစေပြီး ယာဉ်တိုက်မှုတွေ ဖြစ် ပေါ်စေနိုင်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။ သုတေသနပြုလုပ်ခဲ့သူ Dr. Matthew Lewis က ကားမောင်း နေစဉ် ဆီးသွားလိုခြင်း ဟာ မှတ်ဥာဏ် နှင့် အာရုံစိုက်မှု အပေါ် ထိခိုက်မှုရှိစေ တယ်လို့ ဆိုပါတယ်။ ဆီးအိမ်မှာ ဆီးတွေပြည့်နေခြင်းဟာ ကားမောင်း သူ၏ ဆုံးဖြတ်ချက်ချနိုင်စွမ်း အရှိန်ကို လျော့နည်းစေ တယ်လို့ သိရပါတယ်၊။ လေယာဉ်မောင်းသူများကို လေ့လာ ချက်အရလည်း ထင်လင်းစွာသိမြင်နိုင် ခြင်းဟာ တကယ့်ကို ဆီးသွားကို သွား ရပါတော့မယ်ဆိုတဲ့ အချိန်မရောက်ခင် အထိ ပုံမှန်အတိုင်းရှိနေဆဲပါပဲတဲ့။ Dr.Lewis ရဲ့ အထက်ပါလေ့လာချက် ဟာ Ig Nobel Prize ရရှိခဲ့ပါတယ်။ အဆိုပါဆုဟာ နိုဘယ်လ်ဆုကို သရော် ကာအပြောင် အပျက်အနေနဲ့ ချီးမြှင့် ခြင်း ဖြစ်ပါတယ်။ ထူးခြားဆန်းပြားတဲ့ သိပ0x081ပံပညာဆိုင်ရာ သုတေသနများကို နှစ်စဉ်ရွေးချယ်ချီးမြှင့်သော ဆုဖြစ်ပါ တယ်။အဲဒီဆုဟာလူများကိုရယ်အောင် ပြုလုပ်နိုင်ပြီးနောက်တွေး တောစေမိတဲ့ ဆေးပညာဆိုင်ရာ သုတေသန များကို ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text