Saturday, December 17, 2011

ဂျပန်ကလေးနို့မှုန့်များတွင် ရေဒီယိုဓာတ်ရောင်ခြည် အစ အနများ တွေ့ရ

ဂျပန်ကလေးနို့မှုန့်များတွင် ရေဒီယိုဓာတ်ရောင်ခြည် အစအနများ တွေ့ရ
အစားအစာနှင့် သကြားလုံး ထုတ်လုပ်သည့် ဂျပန်ကုမ္ပဏီကြီး Meiji ကမွေးစကလေး များအတွက် နို့မှုန့်ဘူး များတွင် ရေဒီယိုဓာတ် ရောင်ခြည်အစအနများ ရှာဖွေတွေ့ ရှိရပြီးနောက် နို့မှုန့်ဘူး ၅၀ဝ,ဝ၀ဝ ကိုပြန်လည် သိမ်းယူ ခဲ့ကြောင်း ပြော ကြားခဲ့သည်။ ကုမ္ပဏီက စားသုံး သူများလက်သို့ နို့မှုန့်ဘူး အရေ အတွက် မည်မျှရောက်ရှိ ခဲ့သည်ကို မသိရကြောင်း၊ သို့သော် စိုးရိမ်ပူပန် နေကြသော ဝယ်ယူသူများထံမှ စုံ စမ်းမေးမြန်းမှုများရရှိခဲ့ကြောင်း ပြောကြားသည်။ ပြဿနာဖြစ် သည့် နို့မှုန့်ကို မတ်လနှင့် ဧပြီလ တွင်ထုတ်လုပ်ခဲ့ပြီး ဇူလိုင်လ၌ ဖြန့် ချိကာ ၂၀၁၂ ခုနှစ် အောက်တိုဘာ လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ ကုမ္ပဏီက ဒီဇင်ဘာ ၆ ရက် တွင် စစ်ဆေးတွေ့ရှိရသည့် ရေဒီယို ဓာတ်ရောင်ခြည်ပမာဏသည် အစိုး ရသတ်မှတ်ထားသော ဘေးကင်း ရေးသတ်မှတ်ချက်အောက် များစွာ လျော့နည်းကြောင်း၊ အကယ်၍ ယင်းနို့မှုန့် ကိုနေ့စဉ်သောက်သုံးလျှင် ပင် ကလေးငယ်များ၏ကျန်းမာရေး ကိုထိခိုက်မည်မဟုတ်ကြောင်းပြော ကြားသည်။ မတ်လတွင် ငလျင်နှင့် ဆူနာမီ ကြောင့် ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားစက်ရုံပျက်စီးပြီး ရေ ဒီယို ဓာတ်ရောင်ခြည်များ စိမ့်ထွက် ခဲ့ချိန်မှစ၍ ဆန်၊ ငါးနှင့် အမဲသား များ၌ ရေဒီယိုဓာတ်ရောင်ခြည် အစ အနများတွေ့ရှိခဲ့သည်။ သို့သော် ကလေးနို့မှုန့်တွင် စစ်ဆေးတွေ့ရှိရ ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text