
မေးခိုင် ရောဂါ လက္ခဏာ ဖြစ်ပေါ်ပြီးပါ က မွေးစ ကလေးများ တွင် ၁၀ဝ ရာခိုင် နှုန်း၊ လူကြီးများတွင် ၄၀ ရာခိုင်နှုန်း သေဆုံးတတ်ကြောင်း သိရသည်။ အထူးသ ဖြင့် ကလေး ငယ်များနှင့် သက်ကြီးရွယ်အို များတွင် မေးခိုင် ရောဂါဖြစ်ပွား ပါက သေ ဆုံးနှုန်းပိုများသည်ဟုသိရသည်။ ယင်းရောဂါသည် နာကျင်ခြင်း မရှိပဲ မေးခိုင်သွားခြင်းသည် အဓိကလက္ခဏာ ဖြစ်သည်။ တစ်ကိုယ်လုံးရြှွိကက်သားများ တင်းနေပြီး နောက်ကျောမှ မသိမသာ နောက်ဘက်သို့လန်နေတတ်သည်။ ဝမ်း ဗိုက်ြွကက်သားများ သည် ပျော့ပျောင်းခြင်း မရှိဘဲ သစ်သားပြားကဲ့သို့ တင်းမာနေ တတ်ပြီး ရောဂါဆိုးလာသောအခါ ဝက် ရူးပြန် သလိုတက် နေတတ်ကြောင်း သိရ သည်။ မေးခိုင်ရောဂါမဖြစ်စေရန် ကလေး အသက်တစ်လခွဲအရွယ်တွင် ပထမအ ကြိမ်၊ နောက်လေးပတ်အကြာတွင် ဒုတိ ယအကြိမ် နောက်လေးပတ်တွင် တတိ ယအကြိမ်ထိုးပေးရန် လိုအပ်ကြောင်းသိ ရသည်။ ကလေးဘဝတွင် ကာကွယ် ဆေးထိုး မထားသူများသည် ဒဏ်ရာရချိန်တွင် တစ်ကြိမ်၊ နောက်ခြောက်ပတ်အကြာ တွင် ဒုတိယ အကြိမ် နောက်ခြောက်လ အကြာတွင် တတိယအကြိမ်ကာကွယ ဆေးထိုးရန်လိုအပ်ပေသည်။ မေးခိုင်ကာ ကွယ်ဆေးအထိုးခံထားဖူးသူဖြစ်ပါက တစ် ကြိမ်ထပ်ထိုးရုံနှင့်လုံလောက်ကြောင်းသိရ သည်။

No comments:
Post a Comment