Saturday, December 17, 2011

သြစတြေးလျတွင် မြန်မာနိုင်ငံသားတဦး ရေနစ်သေဆုံး

ပြီးခဲ့သည့် သောကြာနေ့တွင် သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့ Wolffdene ရှိ Albert မြစ်၌ မြန်မာနိုင်ငံသားတဦး ငါးမျှားရာမှ ရေနစ်သေဆုံးခဲ့ရသည်ဟု သြစတြေးလျမှလာသော သတင်းများအရ သိရသည်။

အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသား ဦးဆန်ကပ်လျန်းသည် ဒုက္ခသည်အဖြစ် သြစတြေးလျနိုင်ငံတွင် ခိုလှုံနေထိုင်သူဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် ၎င်း၏ဇနီးဖြစ်သူက "ငါးအကြီးကြီးရတယ်လို့ ကျမကို ပြောပြီး ကျမကို ငါးမျှားကြိုးနာနာကိုင်ထားဆိုပြီး သူရေထဲခုန်ချသွားတယ်။ အဲဒါနဲ့ သူပြန်ပေါ်မလာတော့ဘူး။" ဟု ပြောသည်။

ကျမဘာမှ မမှိတ်တော့ဘူး။ သူသေတယ်လို့တောင် ကျမစိတ်က အခုချိန်ထိ မယုံကြည်သေးဘူး။ မယုံနိုင်ဘူး။ ဟု သူမက ဆက်ပြောသည်။

အလောင်းအား ဒေသခံရဲများ၏ ရှာဖွေပေးမှု့ကြောင့် အခင်းဖြစ်ပွားပြီးနောက်တနေ့ နေ့လည် ၁၂ နာရီဝန်းကျင်၌ တွေ့ရှိခဲ့သည်။

အခင်းဖြစ်ပွားရာ၌ မိတ်ဆွေ ၁၀၀ နီးပါးလောက်က သေဆုံးသူနှင့် ကျန်မိသားစုဝင်များအတွက် ဝတ်ပြုဆုတောင်းမေတ္တာပို့ပေးခဲ့ကြသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text