ဆန်ပီဒရိုတွင် ကြီးမားသည့် မိုးသက်မုန်တိုင်းတစ်ခုကြောင့်ပင် လယ်ကမ်းခြေလမ်းမကြီး၏ အလွန်တရာကြီးမားသော အစိတ် အပိုင်းတစ်ခု နိုဝင်ဘာ ၂၀ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအတွင်း ပြိုကျ သွားခဲ့ပြီး တစ်ခါက လမ်းရှိခဲ့သော နေရာတွင် ဂလိုဏ်ပေါက်ကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့သည်။ ဆန်ပီဒရိုရှိ ပါ ဆီယိုဒဲလ်မား၏ ပေ ၈၀ဝ အပိုင်း တစ်လျှောက်တည်ရှိခဲ့သော ဖြတ် လမ်းသည် နစ်မြှုပ်၊ နေရာ ပြောင်း ရွှေ့သွားသောကြောင့် မော်တော် ကားအသွားအလာပိတ်ခဲ့ရသည်။ မတည်ငြိမ်သောအပိုင်းနှင့် ဝေးဝေး တွင်နေရန် ဒေသခံများအတွက် သတိပေးဆိုင်းဘုတ်များ စိုက်ထူ ထားသည်။ မြို့ဝန် အန်တိုနီယိုဗီ လာရီရိုဆာ၏ ပြောရေးဆိုခွင့်ရှိသူ က လမ်းကိုပြုပြင်၍ ရနိုင်ဖွယ်မရှိ ကြောင်း၊ လမ်းသစ်တစ်ခုဖောက် ရန် စဉ်းစားရမည်ဖြစ်ကြောင်း ပြော ကြားသည်။ လော့စ်အိန်ဂျလိစ် စီး တီးရှေ့နေ ကားမန်းထရူတာနစ်က မည်သူတစ်ဦးတစ်ယောက်မျှ ထိ ခိုက်ဒဏ်ရာမရ၍ ကံကောင်းကြောင်း ပြောပြသည်။ ၄င်းက "ဒါဟာ ဆိုး ရွားတယ်။ မည်သူ တစ်ဦးတစ် ယောက်မျှ ထိခိုက်မှုမရှိတဲ့အတွက် ကံကောင်းပါတယ်"ဟု ပြောကြား ခဲ့သည်။ ဆန်ပီဒရို မြေပြိုမှုတွင် နေ အိမ်များမရှိသည့်အတွက် ကံ ကောင်းကြောင်း ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလအစတွင် လမ်း သည် တစ်နေ့လက်မဝက်နှုန်းဖြင့် ရွေ့လျားနေကြောင်း ဘူမိဗေဒပညာ ရှင်များက ပြောကြားသည်။ မကြာ မီက ပတ်ကြားအက်များ ဖြစ်ပေါ် လာပြီး လမ်းသည် ကောက်ကွေ့ သွားခဲ့သည်။ ယခုအခါ အင်ဂျင်နီ ယာများက မြေပြိုကျမှုသည် တစ် နေ့ လေးလက်မနီးပါးနှုန်း ရွေ့လျား ကာ ပတ်ကြားအက်များ ကျယ်ပြန့် လာပြီး လမ်း၏မြေကြီးများ သမုဒ္ဒ ရာတွင်းသို့ ပြုတ်ကျလျက်ရှိသည်။
No comments:
Post a Comment