Saturday, December 31, 2011

ရေတစ်စက်ကလေးမှမစိုပဲ ရေအောက်အလှအပများကိုကြည့်နိုင်ပြီ..

တိုးတတ်ပြောင်းလဲနေတဲ့ယခုလို IT နည်းပညာ ခေတ်ကြိးထဲ

တွင်ပြောင်းလဲနေသော လူနေမှုအဆင့်အတန်းများနှင့် ခေတ်

ရေစီးကြောင်းအလိုက် IT ပစ္စည်းများ ဟာလဲ တိုးတတ်ကာ

ဖြစ်ပေါ်လာနေပြီဖြစ်ပါသည် ။ ဒါပေမယ့် လူသားတွေအပျင်း

ထူလာမလားမသိဘူးနော် :P အခု ပစ္စည်းအသစ်တစ်ခုပေါ်လာ

ပါသေးသည် ။ ထိုပစ္စည်းအသစ်လေးကတော့ ထူးထူးခြားခြား

ပါပဲ ရေအောက်ကို ဆင်းစရာမလို ရေတစ်စက်မှ မစိုပဲ ရေ

အောက်က ရှုခင်းးလှလှလေးးတွေ ငါးလှလှလေးးတွေတခြား

မိမိ စိတ်ဝင်စားရာလေးတွေ ကိုကြည့်လို့ ရနိုင်မည့် ပစ္စည်းလေး

ပဲဖြစ်ပါသည် ။ထိုပစ္စည်းလေးကို Beriscope ဟုအမည်ပေး

ထားပါသည် ။ ထို Beriscope ပစ္စည်းလေးက ရေအောက်အလှ

အပကိုကြည့်ချင်ပေမယ့် ရေကိုကြောက်သူများ နှင့်ရေအောက်

ကို ငုပ်ရာတွင် အောက်ငုပ်ရာတွင် အသက်ရှုပိုက်နှင့် ငုပ်လျှင်

တွေ့ ကြုံရမည့်အဆင်မပြေမှုများကို လည်းကင်းဝေးစေမည်

ဖြစ်ပါသည် ။ ထို့ အပြင်Beriscope ဟာရေအောက်ကို မငုပ်နိုင်

သော သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များ၊မသန်းစွမ်းသူ

များ၊ အတွက်လည်းရေအောက်ကြမ်းပြင်မှာရှိတဲ့ ထူးခြားဆန်း

ကြယ် အံ့သြဖွယ်ရာ အလှအပတွေကို မြင်တွေ့နိုင်ရမှာပဲဖြစ်ပါ

သည်။ ထိုကင်မရာရဲ့ရေအောက်ကို ကျရှိမည့် ကြေးနန်းကြိုး၏

အဆုံးးတွင် Camera ပါရှိပါသည် ။ ထို Camera မှရေအောက်တွင် လက်ခံရရှိသော ပုံ၇ိပ်များကို ကြေးနန်းကြိုးမှ တစ်ဆင့်ကြည့်ရှုနေသူ၏ မျက်လုံး သို့ ပုံ၇ိပ်များကို ပေးပို့ ပေးနိုင်မည်ဖြစ်ပါသည် ။ ထို ပစ္စည်းလေးဟာအသုံးပြုရတာ

လွယ်ကူရိုးရှင်းပါသည် ။ ထိုပစ္စည်းလေးကို ရေ

ထဲသို့ ငါးမျှားသလို ပစ်ချလိုက်ရမည်ဖြစ်ပါ

သည်။ ထို့ နောက်မိမိကြည့်လို သောနေရာများ ကိုရွေ့ လျားကြည့်ရှုနိုင်မည်ဖြစ်ပါသေးသည် ။

ထိုပစ္စည်းလေးမှ ပင်လယ်အောက်ခြေရှိ

ပုန်းကွယ်နေသော အရာများအားလုံးကို မိမိ

အနေဖြင့်ေ၇အောက်သို့ ဆင်းစရာမလို

ရေတစ်စက်ကလေးမှ မဆိုပဲ အေးဆေးစွာဖြင့်

ပုံ၇ိပ်များကို ကြည်လင်ပြတ်သားစွာကြည့်ရှုနိုင်

မည်မှ သေချာပါသည်

No comments:

Post a Comment

 

Sample text

Sample Text

Sample Text