Monday, December 12, 2011

မလေးရှားတွင် ယာဉ်တိုက်မှုကြောင့် ကချင်အမျိုးသမီးတဦး သေဆုံး

မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်သည့် ကချင်အမျိုးသမီးတဦးသည် ပြီးခဲ့သော သောကြာနေ့ မွှန်းလွှဲ ၁၂ နာရီခွဲခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ သေဆုံးခဲ့ရသည်ဟု မလေးရှားမှ လာသောသတင်းများအရ သိရသည်။

(၂၅) နှစ် အရွယ် ဒေါ်နူးလာ သည် သူမ၏ အလုပ်ခွင်မှ ဆိုင်ကယ်ဖြင့် အပြန်လမ်းတွင် အချိန်ပြင်းစွာမှောင်းနှင်းရာ တိမ်းမှောက်သွားခဲ့ရခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများကပြောသည်။

"ဆေးရုံကိုတခါတည်းပို့လိုက်တယ်။ ဒဏ်ရာက ဦးခေါင်းပိုင်း ဦးနှောက်ထဲထိ သွေးဝင်သွားတယ်လေ။ ဆေးရုံကနေပဲ ဆုံးသွားတာ" ဟု ထိုသူတို့က ပြောသည်။

၎င်း ကချင်အမျိုးသမီးသည် မြစ်ကြီးနာမြို့တွင် နေထိုင်ခဲ့ပြီး မလေးရှားနိုင်ငံသို့ ဒုက္ခသည်အဖြစ်ခိုလှုံနေထိုင်ခဲ့စဉ် ချင်းအမျိုးသားတဦး၏ ဇနီးဖြစ်ကြောင်း ကြားသိရှိရသည်။

သူမ၏ အလောင်းကိစ္စနှင့် ပတ်သက်ပြီး ရုံးကိစ္စများကို လာမည့်တနင်္လာနေ့တွင် ပြီးစီးမှာဖြစ်ပြီး ၎င်းနောက် အသုဘကိစ္စများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးသူများက ပြောသည်။
အသက် ၂၅ နှစ်အရွယ် ကချင်အမျိုးသမီး ဒေါ်နူးလာ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text