
ဂျပန်နိုင်ငံမှ ကားစီးရေ ၁၁၀ ကို တင်ဆောင်၍ နိုဝင်ဘာ ၅ ရက် နေ့က ရန်ကုန်၊ အမှတ် ၆ ဆူးလေ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော OCEAN BLUE သင်္ဘောသည် ယခုလ ၁၀ ရက်နေ့တွင် ရန်ကုန် ဆိပ်ကမ်းသို့ ဒုတိယအကြိမ် ထပ်မံ ဝင်ရောက်လာမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တစ်ဆင့် သိရသည်။
M.V OCEAN BLUE သ င်္ဘောသည် ဂျပန်နိုင်ငံ KAWASAKI ဆိပ်ကမ်း၊NAGOYA ဆိပ်ကမ်းနှင့် SENBOKU ဆိပ်ကမ်းမှ နိုဝင်ဘာ ၁၉ ရက်နေ့တွင် စတင် ထွက်ခွာ လာခဲ့ပြီး ယခင်ခရီးစဉ်ကဲ့ သို့ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ CHITAGONG ဆိပ်ကမ်းနှင့် MONGLA ဆိပ်ကမ်းများသို့ဝင်ရောက် ၍ ၄င်းတို့ အတွက် တင်ဆောင်လာ သည့် ကားများကို ချမည်ဖြစ် သည်။
M.V OCEAN BLUE သင်္ဘောပေါ်တွင် စင်ကာပူ ဆိပ် ကမ်းသို့ ရောက်ရှိနေသည့် မော် တော်ယာဉ် ၁၁၇၈ စီး၊ လူစီး ဘတ်စ်ကားနှင့် ကုန်တင်Truck ကား ၁၄ စီးအား တင်ဆောင်၍ ရန်ကုန်ဆိပ်ကမ်းသို့ ယခုလ ၁၀ ရက်နေ့ခန့်တွင် ဝင်ရောက် ဆိုက် ကပ်မည် ဖြစ်သည်။
ထို့ပြင် ဂျပန် နိုင်ငံ KOBE ဆိပ်ကမ်းနှင့် YOKOHAMA ဆိပ်ကမ်းများမှ မော် တော်ယာဉ် ၄၃၇ စီး တင်ဆောင် လာသည့် M.V MINDORO သင်္ဘောနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ မော်တော်ယာဉ်စီးရေ ၁၀ဝ၀ ခန့် တင်ဆောင်လာသော M.V CHANG သင်္ဘောများသည်လည်း ယခုလအတွင်း ရန်ကုန်ဆိပ်ကမ်း သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:
Post a Comment