Tuesday, December 6, 2011

ကြိုးတန်လမ်းလျှောက် လူစွန့်စား

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် ပေ(၃၀၀၀)ကျော် အမြင့်၌ ကြိုးတန်းလမ်းလျှောက်ပြသော လူစွန့်စားတစ်ဦး၏ အသည်းယားစရာ မြင်ကွင်း။
ကြိုးတန်လမ်းလျှောက် လူစွန့်စား
အသက်(၂၃)နှစ်ရှိ မစ်ခ်ျကီမီတာသည် ယိုဆီမိုက် အမျိုးသား ဥယျာဉ်ထဲတွင် (၇၅)ပေရှည်ပြီး (၁)လက်မသာ အကျယ်ရှိသော ကြိုးတန်းတစ်ခုပေါ်တွင် (၃)ကြိမ် လမ်းလျှောက်ပြခဲ့သည်။


ပထမနှစ်ကြိမ်တွင် လုံခြုံရေးကြိုးကို ၀တ်ဆင်ထားသော်လည်း နောက်ဆုံးတစ်ကြိမ်တွင် အဆိုပါကြိုးကို ရဲရဲရင့်ရင့် ဖြုတ်ချကာ အလွတ် လမ်းလျှောက်ပြခြင်းဖြစ်သည်။


အဆိုပါမြင်ကွင်း ဓာတ်ပုံများကို ရိုက်ကူးခဲ့သည့် အလက်ဇန္ဒား ဘူဆီက "သူ့အတွက် အရမ်းစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ သူက ဟန်ချက်ညီညီ လျှောက်ပြီး အောင်မြင်ခဲ့ပါတယ်။ မြင်ကွင်းကတော့ တကယ့်ကို အသည်းယားဖို့ ကောင်းပါတယ်"ဟု ပြောကြားသွားသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text