Thursday, November 24, 2011

Skype အကောင့် တစ်ခုဖြင့် ဖုန်းနှင့် ကွန်ပျူတာ နှစ်မျိုး အသုံးပြုနိုင်

Skype
Skype အကောင့်တစ်ခု ရှိရုံဖြင့် နိုင်ငံခြားဖုန်း ခေါ်ဆိုမှု ဖွင့်ထားသည့် မြန်မာပြည်တွင်းရှိ မည်သည့်ဖုန်းများတွင်မဆို ဖုန်းမှ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် အင်တာနက် ရှိချိန်များတွင် အင်တာနက်မှဖြစ်စေ နှစ်မျိုး စလုံးဖြင့် တစ်ပြိုင်နက်အတွင်း အသုံးပြု နိုင်နေပြီဖြစ်ကြောင်း သိရသည်။
Skype ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးလျက် ရှိသော Pfingo Myanmar မှ ကိုဇော် လင်းထိုက်မှ “ကျွန်တော်တို့ အရင် အင်တာနက်ဆိုင် ဖွင့်တုန်းကလည်း အကောင့် တစ်ခုတည်းကိုပဲ စက်အလုံးပေါင်း များစွာမှာ တစ်ပြိုင်နက် အသုံးပြုခဲ့ဖူးတယ်။ အခုစနစ်ကတော့ Skype အကောင့် တစ်ခုတည်းကို ကွန်ပျူတာစနစ် ကနေလည်း သုံးနိုင်သလို ဖုန်း ကနေလည်း တိုက်ရိုက်နှစ်မျိုးသုံး နိုင်တဲ့စနစ် ဖြစ်ပါတယ်။ Bill ဖြတ် တဲ့စနစ်ကလည်း အရမ်းဈေးနှုန်း ချိုသာတာမို့ အဆင်ပြေပါတယ်” ဟု ရှင်းပြသည်။
Skype ဝန်ဆောင်မှုကို ရရှိ နိုင်ရန်အတွက် မိမိထံတွင် နိုင်ငံခြားခေါ်ဆိုခွင့်ရရှိထားသော ကြိုးဖုန်း သို့မဟုတ် လက်ကိုင်ဟန်းဖုန်း တစ်မျိုးမျိုးသာရှိရန် လိုအပ်ကြောင်းသိရသည်။
“ကျွန်တော် တို့အနေနဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်တာ ကြာပြီဖြစ်ပေမယ့် အခုမှပေးဖြစ်တာပါ။ အင်တာနက် အလွယ်တကူရနိုင်တဲ့ မြို့တွေ အပြင် နယ်မြို့လိုမျိုး အင်တာနက်စနစ်မရှိတဲ့ နေရာတွေမှာ ဆိုရင် ဖုန်းကနေ တိုက်ရိုက်ခေါ် ဆိုနိုင်ဖို့ဆိုရင် အနည်းဆုံးကို FEC 1 ယူနစ်ကျနိုင်ပါတယ်။ ကျွန်တော်တို့ ဝန်ဆောင်မှုပေးတဲ့စနစ်က နေဆိုရင် အင်တာနက်ရှိတဲ့ ကွန် ပျူတာကနေလည်း ခေါ်နိုင်မယ်။ ဖုန်းကနေလည်း ခေါ်နိုင်မယ်။ ဈေးနှုန်းကလည်း ၇၀% လောက် သက်သာတယ်” ဟု ပြောသည်။
Pfingo Reseller Myanmar အနေဖြင့် အထက်ပါ Pfingo ဝန်ဆောင်မှုများအပြင် Pfingoနှင့် ပတ်သက်သော ဝန်ဆောင်မှုမျိုးစုံကိုလည်း ရသည်။ Pfingo ဝန်ဆောင်မှုများ တွင်လည်း ဖုန်းမှတစ်ဆင့် တိုက် ရိုက်နိုင်ငံခြားခေါ်ဆိုမှု ပြုလုပ်နိုင်မည့် Pfingo လည်း Skype ဝန်ဆောင်မှုများ နည်းတူ ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။ အဆိုပါ Pfingo, Skype ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်း မေးမြန်းလိုပါက ဖုန်း - ဝ၉ ၇၃၁၄၅၃၉၈ နှင့် pfingoresellerinyangon myanmar@gmail.com သို့ ဆက် သွယ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text