Saturday, November 19, 2011

ခြေသည်းလက်သည်း မှိုစွဲနာ (Nail Fungus)

s_653_12
ခြေသည်း လက်သည်း မှိုစွဲနာက သင့်ကို နာကျင်စေခြင်း မဖြစ်စေပါ။ သင့်ကျန်းမာရေးကိုလည်း ခြိမ်းခြောက်ခြင်း မပြုပါ။ ယုတ်စွ အဆုံး ကနေဦး အဆင့်များတွင် သင့်တွင် ခြေသည်း လက်သည်းမှို စွဲနာ ဖြစ်နေကြောင်း တစ်စုံတစ် ယောက်က သတိပြုမိခြင်းရှိမည် မဟုတ်ပါ။ သို့သော် ရေရှည်တွင် ထူပိန်းပြီး ကြမ်းထော်ထော်ရှိသည့် အဝါရောင် ခြေသည်းလက်သည်း များက ပေါ်လွင်ထင်ရှားလာမှာ ဖြစ် သည်။
ယင်းအခြေအနေကို သင် လျစ်လျူရှုနိုင်မှာမဟုတ်။ မှိုက ခြေသည်း လက်သည်းရဲ့ အစွန် အဖျားကစတင်ပြီး အရင်းရောက် အောင် ကူးဆက်တာဖြစ်တယ်။ မှို စွဲခြင်းက လက်သည်း ခြေသည်းရဲ့ အရင်းရောက်သွားပြီဆိုရင်တော့ ဘာမှ ထွေထွေထူးထူး လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ခြေသည်းလက် သည်းကို ဆွဲထုတ်ပစ်ရုံသာ ရှိ တယ်}ဟု ဟူစတန်မှ ခြေအထူးကု ဆရာဝန် ဒေါက်တာ ဝီလီယံဗန် ပက်(စ်)က ပြောသည်။
ခြေသည်းလက်သည်း မှိုစွဲ နာက များသောအားဖြင့် ခန္ဓာကိုယ် ရောဂါ ကာကွယ်တိုက်ထုတ်ရေး စနစ် (Immune System) ချို့ယွင်း ချက် တစ်ရပ်ကြောင့် ဖြစ်ခြင်း ဖြစ်သည်။ သို့သော် ရေခိုး ရေ ငွေ့က ယင်းအခြေအနေကို ပိုမို ဆိုးရွားစေသည်။ ဒါ့ကြောင့် ခြေ လက်များကို သန့်ရှင်းခြောက်သွေ့ အောင် ထားခြင်းသည် အကောင်း ဆုံး ကာကွယ်နည်းနှင့် ထိန်းချုပ် နည်းပဲ ဖြစ်သည်။အောက်ပါတို့ မှာ ရောဂါမဖြစ်အောင် လုပ်ဆောင် သည့် အကောင်းဆုံး နည်းများပဲ ဖြစ် သည်။
ဆံပင်အခြောက်ခံစက်မှ လေအေး ကို အသုံးပြု။ ။ ရှူးဖိနပ်ဝတ်သူ များအတွက် ခြေထောက်က တစ် နေကုန်နီးပါး ပူနွေးစိုစွတ်သည့် ပတ်ဝန်းကျင်တွင် ရှိနေရသည်။ ခြေအိတ်မစွပ်မီနှင့် ရူးဖိနပ်မဝတ်မီ သင့် ခြေထောက်ခြောက်သွေ့နေ စေရန် ဆံပင်အခြောက်ခံစက်(hair dryer) မှ လေအေးဖြင့် သင့်ခြေ ချောင်းများကို မှုတ်ပေးပါ။ ရေချိုး ပြီး ပါကလည်း ခြေချောင်းများ အကြားနှင့် ခြေသည်းအောက်ကို ဆံပင်အခြောက်ခံစက်မှ လေအေး ဖြင့်မှုတ်ပေးခြင်းက ကောင်းပါ သည်။
ချွေးသိပ်ဆေးကိုသုံးပါ။ ။ချွေး ထွက်ခြင်းက အခြေအနေကို ပိုဆိုး ရွားစေသည်။ ချွေးက မှိုများ ပေါက်ပွားရန် အကောင်းဆုံးအခြေ အနေဖြစ်သည့် ပူနွေးစွတ်စိုခြင်းကိုဖန်တီးပေးသည်။ ချွေးမထွက်မီ ချွေးမထွက်အောင် အကောင်းဆုံး တားဆီးသည့် နည်းလမ်းများမှာ အနံ့မရှိသည့် ချွေးတိတ်ဆေး (unscented antiperspirant) ကို သင့် ခြေထောက်ကို လိမ်းပေးခြင်းဖြစ် သည်ဟု ဒေါက်တာ ဗင်ပက်(ဗ်) က ပြောသည။် Roll-on သို့မဟုတ် ဖျန်းဆေး(စပရေး)ကို အသုံးပြုနိုင် သည်။
ခြေသည်းလက်သည်းများကို တို အောင်ညှပ်ပါ။ ။ရှည်လျားသည့် ခြေသည်းလက်များက ကုတ် နှင့် အလားသဏ္ဍန်တူသည်။ ရှည်လျား သည့် ခြေသည်း လက်သည်း၏ အဖျားပိုင်းကို တစ်စုံတစ်ခုနှင့်တိုက်မိသည့်အခါ ခြေသည်းလက်သည်း ကို လှန်တင်လိုက်သလိုဖြစ်သည့် အတွက် မှို ဝင်ရောက်ဖို့ နေရာ ရသွာနိုင်သည်။ ခြေသည်း လက်သည်းများကို ခြေထိပ်လက်ထိပ် ထက် ထိုးထွက်မနေအောင်ညှပ်ပါ။ လက်သည်း ခြေသည်းအောက်ရှိ အညစ်အကြေးကို ပြင်းပြင်းထန် ထန် ကလော်ထုတ်ခြင်းက မှိုများ ဝင်ရောက်ဖို့ နေရာလွတ်များရစေ နိုင်သည်။
အရေပြားခြောက်ကိုရှင်းလင်းပစ်ပါ။ မှိုများက သေပြီး ခြောက်သွေ့နေ သည့် အရေပြားကို တွယ်ကပ်နေ တတ်ပြီး အခြားနေရာသို့ ရွေ့ လျားရောက်ရှိသွားတက်သည်။ရေ နှင့် ဆပ်ပြာဖြင့် ခြောက်သွေ့ပြီး သေသည့် အရေပြားအပိုင်း အစ စုဝေးမှုကို ဖယ်ရှားဖို့ ဘရပ်ခ်ျဖြင့် အသာအယာပွတ်တိုက်ပေးပါ ဟု တောင်ကာရိုလိုင်နာဆေးတက္ကသိုလ် အရေပြားရောဂါ ပညာဌာနမှ ပါမေက္ခ ဒေါက်တာ ရစ်ချက်၊ အယ်လ်၊ ဒေါ့ဆင်က ပြောသည်။သင့်လက်များကိုစင်အောင်ဆေးပါ။ မှိုစွဲရောဂါသည် သင့်ခြေထောက် များမှ လက်များသို့ ကူးစက်ပျံ့နှံ့ နိုင်သည်။ ထို့ကြောင့် သင့်ခြေ ထောက်များကို ကိုင်တွယ်စစ်ဆေး ပြီးတိုင်း သင့်လက်များကို ရေနှင့် စင်အောင်ဆေးပါ။
လေသလပ်ခံနိုင်တဲ့ ဖိနပ်များကို ဝတ်ပါ။ ။ဗီနိုင်းလ်နှင့် သားရေ တုလိုမျိုး လူလုပ်ပစ္စည်းများက လေသလပ်ခံလို့မရပါ။ ဒါကြောင့် သဘာဝပစ္စည်းများဖြစ်တဲ့ သားရေ ဒါမှမဟုတ် ကင်းဗတ်(Canvas) နှင့် လုပ်ထားတဲ့ ရှူးဖိနပ်များကို ဝတ်ပါလို့ ကျွန်ုပ် တိုက်တွန်းချင် တယ် ဟု ဒေါက်တာ ဗင်ပက်(ထ်) က ပြောသည်။ ရှူးဖိနပ်တစ်ရန် တည်းကို (၂)ရက် ဆက်မစီးတာက ကောင်းပါသည်ဟု ဒေါက်တာ ဂရေ ဟမ်က ပြောသည်။ ဒေါက်တာဂရေ ဟမ်သည် အမေရိကန်ပြည်ထောင် စု၊ မေယိုဆေးခန်းမှ ခြေထောက် ရောဂါ အထူးကုဖြစ်သည်။ ယင်း သို့လုပ်ဆောင်ခြင်းဖြင့် ဖိနပ် ဝတ် ဆင်မီ ယင်းဖိနပ်တစ်စုံမှာ လုံးဝ ခြောက်သွေ့နေမှာဖြစ်သည်။ ခြေအိတ်လုပ်သည့် ချည်မျှင် မှာ ရေငွေ့ကို မောင်းထုတ်ပြီး ပျော့ပျောင်းနူးညံ့မှုရှိသည့် အသား ဖြစ်သင့်သည်။ အေခရစ်လစ်နှင့် သိုး မွေး ရောထားသည့် ချည်မျှင်က ကောင်းပါသည်။ သင့်ခြေအိတ်က စိုစွတ်နေသည်ဟု ခံစား မိပါက မကြာခဏ ခြေအိတ်ပြောင်းပြီး ဝတ် ပါ။ ယင်းအပြင် ဆေးဖက်ဝင် မှို သတ်ဆေးပါသည့် အမှုန့်ကို ခြေ အိတ်ပေါ် ဖြူးပေးနိုင်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text