Saturday, November 12, 2011

Justin Bieber အဖေ ဖြစ်မဖြစ် စစ်ဆေးမည်

၂၀၁၁ ခုနှစ်အတွက် ဥရောပ MTV ဂီတဆုပေးပွဲတွင် အကောင်းဆုံးဆုကို အဆိုတော် ဂျပ်စတင်ဘီဘာနှင့် လေဒီဂါဂါတို့က ဆွက်ခူးရရှိခဲ့ပြီး ဆုပေးပွဲသို့ ဘီဘာ၏ ချစ်သူ Selena Gomez လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

အသက် ၁၇ နှစ်အရွယ် အဆိုတော် ဂျပ်စတင်ဘီဘာသည် ၂၀၁၁ ခုနှစ်အတွင်း ဆုနှစ်ခုရရှိခဲ့သည်ဟု သတင်းများထွက်လာသည်။ နောက်တစ်ဆုကတော့ ၎င်း၏ နေအိမ်တွင်ရောက်ရှိလာသော Mariah Yeater အမျိုးသမီးနှင့်ရရှိသော ကလေးဖြစ်သည်။

Yeater က Los Angeles တွင် ကျင်းပပြုလုပ်ခဲ့သော Justin ရဲ့ရှိုးပွဲ စတိပ်စင်နောက်ဖေးခန်းထဲမှ ရရှိသော ကလေးဖြစ်ကြောင်းကို Los Angeles တရားရုံးတွင် ထွက်ဆိုထားသည်။

၎င်းအမျိုးသမီး၏ ပြောကြားချက် မမှန်ကန်ကြောင်းကို Justin Bieber က "ကျနော်က သူမကို လုံးဝမသိဘူး၊ သူမရဲ့အခုလိုပြုလုပ်ခြင်းဟာ ငွေလိုအပ်လို့ဖြစ်မယ်"ဟု သတင်းများတွင် ဖြေရှင်းခဲ့သည်။

သူသည် လာမည့်နှစ်ပတ်တွင်း အမေရိကသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး ကလေး၏ အဖေဖြစ်မဖြစ် စစ်ဆေးမည်ဖြစ်ကြောင်းကို တနလာင်္နေ့က ပြောကြားခဲ့သည်။

၎င်းစစ်ဆေးမှုကို Los Angeles Superior Court တွင် ခရစ္စမတ်မတိုင်ခင် ဆယ်ရက်အတွင်း အပြီးသတ် စစ်ဆေးမည်ဟု သိရသည်။


No comments:

Post a Comment

 

Sample text

Sample Text

Sample Text