Saturday, November 12, 2011

အိန္ဒိယ F1 ပြိုင်ပွဲ တွင် Lady Gaga ဖျော်ဖြေပွဲ လုပ်မည်

နယူးဒေလီ ။    ။ အမေရိကန်ရှိ အဆိုရှင် တစ်ဦးဖြစ်သူ Lady Gaga မှာ သူမ၏ အိန္ဒိယ နိုင်ငံအပေါ်ထားရှိသည့် ခံစားမှုကို ဖော်ပြရန်အတွက် ယခုအပတ်တွင် နယူးဒေလီမြို့၌ စတင် ဖွင့်လှစ်မည့် ဖော်မြူလာဝမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် အထူးဖျော်ဖြေမှု တစ်ခုကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သောကြာနေ့က ပြောကြား လိုက်သည်။

အိန္ဒိယနှင့် အမေရိကန် သွေးနှော အဝတ်အစား ဒီဇိုင်နာ ဖန်တီးထားသည့် အနားမညီသော ဂါဝန်နှင့် အိန္ဒိယ အလံတွင် ပါဝင်သည့် အရောင်များ ပုံစံ ပြုလုပ်ထားသည့် ဆံပင်စတိုင်နှင့် အတူ လေဒီဂါဂါမှာ တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ဖျော်ဖြေမှုအတွက် သတင်းသမားများ ရှေ့တွင် ရှင်းလင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

သူမအနေဖြင့် အိန္ဒိယမှ ဂုရုကြီး Osho ကို လေးစားအားကျကြောင်းနှင့် သူမ၏ အိန္ဒိယနိုင်ငံအတွင်း ပထမဆုံး ဖျော်ဖြေမှုအတွက် ကိုယ်ပိုင်ဟန်ပန်နှင့် အိန္ဒိယ စတိုင်ကို ရောစပ်ပြီး ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

မြို့တော် ဒေလီ အပြင်ဘက်အနားတွင် တည်ဆောက်ထားသည့် ယခုပြိုင်ပွဲ ကွင်းပြင်တွင် ပရိတ်သတ်ပေါင်း တစ်သိန်း ကြည့်ရှု့ရန် မျှော်မှန်းထားပြီး သူမနှင့် အတူ အိန္ဒိယမှ DJ များ ပါဝင်ကာ ဖွင့်ပွဲ အထိမ်းအမှတ် ဖျော်ဖြေမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။ ယခု တည်ဆောက်ထားခဲ့သည့် Buddha နိုင်ငံတကာ ဖော်မြူလာဝမ်း ပြိုင်ကွင်းတွင် ဝင်ရောက် ကြည့်ရှု့ခွင့် လက်မှတ်များကို ဒေါ်လာ ၅၀ ဖြင့် ရောင်းချမည် ဖြစ်ကြောင်းလည်း သိရသည်။ သို့ရာတွင် Lady Gaga ဖျော်ဖြေပွဲကို ကြည့်ရှု့ချင်သူများအတွက် သီးသန့် လက်မှတ်များကို ဝယ်ယူကြရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text