Saturday, November 5, 2011

Google+ ပေါ်တွင် ဓာတ်ပုံများကို +1 ပြုလုပ်နိုင်ပြီ

ဇွန်လတွင် လွှတ်တင်ခဲ့သည့် Google+ တွင် အခြားသော content များတွင် +1 နှိပ်နိုင်သလို ယခုတွင် ထိုနည်းတူစွာ ဓာတ်ပုံ(photos) များကိုလည်း +1 ဖြင့် vote ပေးနိုင်ပြီဖြစ်သည်။

၎င်း feature မှာ Google+ Photos များအတွက် တောင်းဆိုထားမှု အမြင့်ဆုံးတခုဖြစ်ကြောင်း Google+ Photos engineering, Vincent Mo က သူ၏ Google+ profile တွင် ကြာဿပတေးနေ့က ကြေငြာခဲ့သည်။


Google+ တွင် ဓာတ်ပုံတခုအား photo viewer မှ ဖွင့်ကြည့်လျှင် ဓာတ်ပုံ၏ ဝဲဘက်အောက်ခြေတွင် +1 button အား တွေ့လိမ့်မည်။

အဆိုပါ feature သည် Google+ အိုင်ဖုန်း app ပေါ်တွင် ရရှိပြီး Android app နှင့် mobile site များတွင် မကြမီ ထည့်သွင်းလိမ့်မည် ဖြစ်သည်။

+1 button သည် ဖေ့စ်ဘုတ်ခ်၏ “Like” button ပုံစံလိုပင်ဖြစ်သည်။ +1 တွင် - button ရှိလျှင် ဤသည်မှာ စိတ်ဝင်စားဖွယ် ရှိလိမ့်မည်။

ပြီးခဲ့သည့်အပတ်က Google+’ ၏ Creative Kit ၏ လွှတ်တင်မှုအတွက် scary effects များဖြင့် ကုမ္ပဏီအများအပြား၏ အလုပ်အမှုဆောင်အဖွဲ့များ၏ profile ဓာတ်ပုံများအား တည်းဖြတ်ခဲ့သည်။ ၎င်းမှာ ဓာတ်ပုံတည်းဖြတ် features များ ပါဝင်သည်။ အောက်တွင် ၎င်းတို့၏ Halloween ဓာတ်ပုံများအား ရှုရန်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text