
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် အသက် ၈၄ နှစ်အရွယ် အဘွား တစ်ဦးသည် ဆိုက္ကားဖြင့် ကျွန်တော့် ဆေးခန်းသို့ ရောက်ရှိလာပါသည်။ သားဖြစ်သူသည် မိခင်အား ပွေ့ချီ၍ လူနာ စမ်းသပ် ကုတင်ပေါ် တင်ချိန်တွင် အဘွားအိုသည် ညာဘက်ပေါင်ထိပ်ရိုးနေရာ၌ အလွန်နာကျင်ပြီး၊ အော်ညည်းနေပါသည်။ သားဖြစ်သူအား ရောဂါ ရာဇဝင်ကို မေးရာ တွင် အဘွားအိုသည် “ကျိုး၍လဲတာလား၊ လဲ၍ကျိုးတာလား မသိဖြစ်ပြီး၊ အိမ်သာအတက် လှေကားအဆင်း၌ ပုံလဲသွား၍ ခေါ်လာခြင်းကြောင့် ဖြေပါသည်။ ရောဂါကို သေချာစမ်းသပ်ရာတွင် ပေါင်ထိပ်ရိုးကျိုး ခြင်း လက္ခဏာများတွေ့ရှိ၍ အရိုးအထူးကု ဆေးရုံ (ကြည့်မြင် တိုင်)သို့ အမြန်စေလွှတ် လိုက်ပါသည်။ ဆေးရုံတွင် ဓာတ်မှန်ရိုက် ကြည့်ရာ၌ ညာဘက်ပေါင်ထိပ်ရိုးကျိုးနေ ကြောင်း တွေ့ရှိရ၍ ဆေးရုံတက်ကုသခဲ့ရပါသည်။ ထို့အတူ နိုဝင်ဘာလ ပထမပတ် နောက်ဆုံးရက်တွင် အသိမိတ်ဆွေ အင်ဂျင်နီယာတစ်ဦး ဖုန်းဆက်၍ ကျန်းမာရေးအတွက် အကူအညီတောင်းပါသည်။ သူ၏ အသက် ၈၆ နှစ်အရွယ် မိခင်သည် ပိန်ပါးသော်လည်း ကောင်းစွာ အိပ်ခြင်းနှင့် ထိုင်ခြင်းမပြုလုပ်နိုင်ဘဲ အစားအသောက်ပျက်ကြောင်း ပြောပါသည်။ နီးစပ်ရာဆေးခန်းမှ အားဆေးများနှင့် နာကျင် ကိုက်ခဲ ပျောက်ဆေးများဖြင့် (၁) ပတ်ကုသသော်လည်း မသက်သာကြောင်း ပြောပါသည်။ ကျောရိုးမတွင် တစ်ခုခုဖြစ်နိုင်၍ အရိုးအထူးကုဆေးရုံသို့ ပြသရန် အကြံပြုလိုက်ပါသည်။ အရိုး အထူးကုဆရာဝန်မှ သေချာ စမ်းသပ် ကြည့်ရှုပြီး၊ ဓာတ်မှန်ရိုက်ရာတွင် ကျောရိုးကျိုး နေကြောင်း တွေ့ရှိရကြောင်းသိရှိရပါသည်။ အဘွားအို ၂ ဦးသည် အသက် အရွယ်ကြီးလာ၍ အရိုးပွ၊ အရိုးပါးရောဂါခံစားရပြီး၊ အရိုးကျိုးခြင်းဖြစ်ကြောင်း သိရှိ စေရန် ရေးသားခြင်း ဖြစ်ပါသည်။
(၁) သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်သော ရောဂါများ ၄င်းတို့မှာ
(၁) အရိုးပွ၊ အရိုးပါး ရောဂါ
(၂) အဆစ်အမြစ်များနာခြင်း၊ ခနော်ခဲနဲ့ ဖြစ်ရာမှ ချော်လဲခြင်း
(၃) မျက်စိ မှုန်လာခြင်း
(၄) နားလေးခြင်း
(၅) နှလုံး သွေးကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါ
(၆) ဦးနှောက်နှင့် ဆိုင်သော သွတ်ချာပါဒ ရောဂါ
(၇) စိတ်ကျန်းမာရေးချို့ယွင်းလာ ခြင်းနှင့်
(၈) အသက်ရှူလမ်းကြောင်း အဆုတ်နှင့် ပတ်သက်သည့် ရောဂါများဖြစ်ပါသည်။
ထိုရောဂါများအနက် အရိုးပွ၊ အရိုးပါးရောဂါသည် သက်ကြီးရွယ်အိုများ အား အရိုးကျိုးခြင်းဖြစ်စေပြီး၊ ကိုယ်ရော စိတ်ပါထိခိုက်ကာ သေဆုံးနိုင်ပါသည်။
(၂) အရိုး၏ လုပ်ငန်းတာဝန်များ
အရိုးသည် ခန္ဓာကိုယ်ပုံသဏ္ဍန်နှင့် ထောက်ပံ့ပေးသော အရိုးငြမ်းအဖွဲ့အစည်း တစ်ခုကို ဖြစ်ပေါ်စေပါသည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ကြီးကို မဏ္ဍိုင်သဖွယ် ထောက်မထားပါသည်။ ကြွက်သား၊ အရွတ်နှင့် အကြောများ၏ ကပ်တွယ်သော အရာလည်းဖြစ်ပါသည်။ ဦးနှောက်စသော အရေးကြီးသည့် အင်္ဂါများနှင့် အတွင်းကလီစာများကို ဦးခွံရိုး၊ နံရိုး စသည်တို့ဖြင့် ကာကွယ်ပေးပါသည်။ နေ့စဉ် သွားလာ လှုပ်ရှားရာတွင်လည်း ကူညီပေးပါသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လ်စီယမ် (ထုံးဓာတ်) နှင့် ဖော့စဖိတ်များကို သိုလှောင်ပေးပါ သည်။ ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်များကို ထုတ်ပေးခြင်းနှင့် သွေးနီဥများ ပေါက်ဖွား ခြင်းလည်း ဆောင်ရွက်ပေးပါသည်။ အလေးချိန်နှင့် တွန်းအားများကို ဖြန့်ဝေ ပေးပါသည်။ အက်ဆစ်-ဗေ့စ်ကိုလည်း ထိန်းပေးပါသည်။ ခဲကဲ့သို့သော အဆိပ်အတောက်များကို ဖမ်းယူပေးပါသည်။
(၃) အရိုးပွ၊ အရိုးပါးခြင်းရောဂါ ဆိုသည်မှာ
အရိုးအဖွဲ့အစည်းတစ်ခုလုံး၏ ဇီဝ ဖြစ်စဉ်တွင် အရိုးထုထည် သိပ်သည်းဆနှင့် အရိုး၏ ပုံမှန်ခံနိုင်ရည်စွမ်းအားနည်း၍ ကျဆင်းလာပြီး အရိုးအနုစိတ်ဖွဲ့စည်း တည်ဆောက်မှုပျက်စီးခြင်း၊ အရိုးတစ်သျှူး များ ယိုယွင်း ပျက်စီးခြင်းနှင့် အရိုးကျိုးနိုင်ခြေ မြင့်မားခြင်းတို့ကို ဆိုလိုပါသည်။ အရိုးပွ အရိုးပါးနေသော သက်ကြီး ရွယ်အိုတစ်ဦးသည် သာမန်ချော်လဲရုံ (သို့ မဟုတ်) နှာခြေရုံ (သို့မဟုတ်) ပစ္စည်း တစ်ခုခုနှင့် တိုက်မိရုံဖြင့်ပင် အရိုးကျိုး နိုင်ပါသည်။ အရိုးကို အဏုကြည့်မှန် ပြောင်းအောက်တွင် ကြည်ပါက ပျားအုံ ပုံစံကဲ့သို့ အပေါက်များကို တွေ့ရပါက အရိုးပွ၊ အရိုးပါးခြင်းဟူ၍ သတ်မှတ်နိုင် ပါသည်။
(၄) အရိုးပွ၊ အရိုးပါးခြင်း ရောဂါ ဖြစ်ပွားမှု ထိုရောဂါကို အသက် ၈၀ နှစ် အရွယ်ကျော်သော သက်ကြီးရွယ်အို အမျိုးသမီးများ၏ သုံးပုံနှစ်ပုံနှင့် အသက် ၆၀ မှ ၇၀ နှစ်အတွင်းရှိ အမျိုးသမီးများ ၏ သုံးပုံတစ်ပုံခန့်သည် ခံစားဖြစ်ပေါ်လျက် ရှိပါသည်။ အသက် ၅၀ ကျော် အမျိုး သမီးများ၏ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့် သည် တစ်ကြိမ်ကြိမ်တွင် ကျောရိုးပြား ပြီး၊ ကျိုးသောအရိုးဝေဒနာကို ခံစားနေရ ပါသည်။အရိုးပွ၊ အရိုးပါး ရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံး၌ အမျိုးသမီး သန်းပေါင်း ၂၀ဝ ခန့် ရှိကြောင်း ခန့်မှန်း တွက်ချက်ထားပါသည်။ အမျိုးသားများ တွင်လည်း အရိုးပွ၊ အရိုးပါးရောဂါကို အသက်အရွယ်ကြီးလာပါက ဖြစ်နိုင်ပြီး၊ ပိုဆိုးတတ်ပါသည်။
(၅) အမျိုးသမီးများတွင် အရိုးပွ၊ အရိုးပါးခြင်းဖြစ်စေနိုင်သောအကြောင်း အရင်းများ ၄င်းတို့မှာ အမျိုးသမီးဖြစ်ခြင်း၊ ရာသီထိန်ခြင်း၊ အမျိုးသမီးများတွင် သွေး ဆုံးမှုအပါအဝင် မဟော်မုန်းနည်းပါးခြင်း၊ အရိုးကျိုးလွယ် သော ရာဇဝင်ရှိခြင်း၊ ခန္ဓာကိုယ်ပိန်ပါးသေးသွယ်ခြင်း (၁၂၇ ပေါင်အောက်ရှိသူများ) အသက်အရွယ် ကြီးလာခြင်း၊ မျိုးရိုးထဲတွင် အရိုးပွ၊ အရိုး ပါး ရောဂါဖြစ်ပွားသူရှိခြင်း၊ ဆေးလိပ် သောက်သုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိသလောက်နည်းပါးခြင်း၊ စတီးရိုက် ဟော်မုန်းဆေးများ (၃)လကျော် ပုံမှန်သုံး စွဲထားခြင်း၊ သားအိမ်၊ သားဥအိမ်ထုတ်ထားခြင်းတို့ ဖြစ်ပါသည်။

No comments:
Post a Comment