အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ဆိုနီ ကုမ္ပဏီဟာ 3D မျက်နှာပြင်ကို အမေရိကန် ပြ ည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ E3 Expo မှာ ထုတ်ဖော် ပြသခဲ့ပါတယ်။

အဆိုပါ 3D မျက်နှာပြင် အတွက် မျက်မှန်တစ်စုံ HDMI ကြိုးတစ်ချောင်းနဲ့Motorstorm Apocalypse ဗီဒီယိုဂိမ်း ကော်ပီတစ်ခု ပါဝင်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ(၁)ရက်နေ့ မတိုင်ခင် ကြိုတင်မှာယူ ထားခဲ့ သူတွေကတော Resistance 3 အခမဲ့ ကော်ပီ တစ်ခုကိုပါ ရရှိမှာ ဖြစ်ပါတယ်။
ဆိုနီ ကုမ္ပဏီဟာ အဲ့ဒီ 3D မျက်နှာပြင်တွေကို အမေရိကန် ပြည်ထောင်စုမှာ အမေရိကန်(၄၉၉)ဒေါ်လာနဲ့ စတင် ရောင်းချမှာ ဖြစ်ပေမယ့် ဗြိတိန်မှာတော့ အမေရိကန် (၈၁၅)ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ သရီးဒီ မျက်နှာပြင်တွေကို ဆိုနီ ကုမ္ပဏီဟာ အမေရိကန် ပြည်ထောင်စုအတွင်း လာမယ့် နိုဝင်ဘာလ (၁၃)ရက်နေ့မှာ စတင် ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:
Post a Comment