Thursday, November 10, 2011

ကျပ်ငါးသိန်းတန် CDMA ဖုန်းများ မြို့ (၆)မြို့သို့ တိုးချဲ့သယ်ဆောင် နိုင်ပြီ

ကျပ်ငါးသိန်းတန် CDMA ဖုန်းများ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ငှားရမ်းချထားပေးခဲ့သော ကျပ် ငါးသိန်းတန် CDMA ဖုန်းများကို ယခင်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်
တို့တွင်သာ သယ် ဆောင် အသုံးပြုနိုင်ခဲ့ရာက ယခု အခါ တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တို့တွင်ပါ သယ်ဆောင်အသုံး ပြုဆက်သွယ်မှုရရှိနေပြီဖြစ်ပါသည်။ ထို့အပြင် အောက်တိုဘာလ မှ စ၍ စစ်တွေ၊ ပုသိမ်၊ လားရှိုး၊ မော်လမြိုင်၊ မြစ်ကြီးနားနှင့် ဘားအံ မြို့ (၆)မြို့သို့ပါ သယ်ဆောင်အသုံး ပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ ကျပ်ငါးသိန်းတန် CDMA ဖုန်းများကို ၂၀၁၀ပြည့်နှစ် ဖေဖော် ဝါရီလတွင် စတင်ချထားပေးစဉ်က အထိုင်ဖုန်း အမျိုးအစားအဖြစ်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ တွင် မိုဘိုင်းဖုန်းအဖြစ် လွယ်ကူ စွာ သယ်ဆောင် အသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါသည်။ အက်ကိုး

No comments:

Post a Comment

 

Sample text

Sample Text

Sample Text