
ရခဲလှတဲ့ လူ့အဖြစ် ရလာပေမယ့် ကိုယ်လက်အင်္ဂါ အပြည့်အစုံ ရုပ်ရည် ရူပကာ တင့်တင့် တယ်တယ်နဲ့ လူသား တစ် ယောက်ဖြစ် ခွင့်ရဖို့ဆိုတာလည်း မလွယ်လှပါဘူး။ အတိတ် ကုသိုလ်ကံ အနည်းအများ အပေါ် မူတည်ပြီး တစ်ယောက် နဲ့ တစ်ယောက် ရုပ်ရည်သွင်ပြင်လက္ခဏာ၊ စိတ်နေသဘောထားဖြစ်တည်လာရတဲ့ ပတ်ဝန်းကျင်စသည်ဖြင့် မြောက် များစွာသော အချက်တွေဟာလည်း မတူညီကွဲပြားနေကြရ ပါတယ်။
ပုံမှာတွေ့ရတဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း လော်ရီခါမြို့က လာလစ်ရမ် (၂၆)နှစ်ဆိုသူဟာ မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုး ကြောင့် သူ့ရဲ့မျက်နှာပေါ်မှာ အဖုအကျိတ်တွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အဲဒီရောဂါကို ဆေးပညာအရ neurofibromatosis လို့ခေါ်ပါတယ်။ လာလစ်ဟာ အိမ်ထောင်ပြုဖို့ အရမ်းစိတ်အား ထက်သန်ခဲ့ ပေမယ့်ဆိုးရွားလှတဲ့ ရုပ်ရည် ရူပကာကြောင့် အမျိုးသမီးအားလုံးဟာ သူ့ကြို့မင်တာနဲ့ရှောင် ခွာသွားကြလို့ အရမ်း စိတ်ပျက်ခဲ့ရပါတယ်။ နောက်ပြီးဒေသတွင်း ဘုန်းတော်ကြီးတွေကလည်း ဒီရုပ်ရည်မျိုးနဲ့သာဆိုရင် ဘယ်တော့မှ မိန်းမမရဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါတင်မကပါဘူး။ ရပ်ရွာလူတွေက ဆင်လူသား (Elephant Man) ဆိုပြီး လှောင်ပြောင်ခဲ့ကြတာကြောင့် လာလစ်ခမျာ စိတ်အားငယ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုဆိုရင် ပလက်စတစ်ဆာဂျင် တစ်ဦးက အခမဲ့ခွဲစိတ် ကုသပေးတော့မှာဖြစ်လို့ အိမ်ထောင်အရမ်းပြုချင်နေတဲ့ သူ့ရဲ့အိပ်မက်တွေ တကယ် ဖြစ်လာပါ တော့မယ်။
လာလစ်က “ကျွန်တော့်ရဲ့မျက်နှာကြောင့် ဘယ်မိဘကမှ သူတို့ရဲ့သမီး ကိုကျွန်တော်နဲ့ မပေးစားချင်ခဲ့ကြပါဘူး။ အရမ်း စိတ်အားငယ်တယ်လို့ တစ်ခါတောင်သေကြောင်း ကြံဖူးပါတယ်။ အခုတော့ အခမဲ့ခွဲစိတ်တော့ မှာဖြစ်လို့ ကျွန်တော့်ရဲ့ ဆန္ဒတွေပြည့်ဝလာပါ တော့မယ်။ ဒီလိုသာအခမဲ့မဟုတ်ဘူးဆိုရင် ခွဲစိတ်ဖို့အတွက် ကျွန်တော့်မှာ ပိုက်ဆံမတတ် နိုင်ပါဘူး”လို့ဆိုခဲ့ပါတယ်။ တကယ်လို့ခွဲစိတ် မှုမခံယူခဲ့ဘူးဆိုရင် အဖုအကျိတ်တွေက မျက် လုံးအိမ်အပြင်နားကိုလည်း ထိခိုက်စေနိုင်တာ ကြောင့် အကြားအမြင်အာရုံတွေလုံးဝပျက်သုဉ်း သွားနိုင်တယ်လို့သိရပါတယ်။

No comments:
Post a Comment